ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ဖြစ်သွားတဲ့အခါ လူမှုဖူလုံရေးရန်ပုံငွေ (SSF) ကနေ အကျိုးခံစားခွင့်တချို့ ထောက်ပံ့ပေးပါတယ်။ ဒီအကျိုးခံစားခွင့်တွေက အလုပ်ပြုတ်သွားတာ ဒါမှမဟုတ် ကိုယ်တိုင်နုတ်ထွက်တာကြောင့် ဝင်ငွေအခက်အခဲရှိသူတွေကို ကူညီဖို့ ရည်ရွယ်တာပါ။
ဘယ်လိုလူတွေ ရနိုင်လဲ၊ ဘယ်လောက်ရမလဲ
ဒီအကျိုးခံစားခွင့်တွေ ရဖို့ဆိုရင် အလုပ်လက်မဲ့မဖြစ်ခင် ၁၅ လအတွင်း အနည်းဆုံး ၆ လ လူမှုဖူလုံရေးရန်ပုံငွေ ပေးသွင်းထားသူ ဖြစ်ရပါမယ်။ ရရှိမယ့် ပမာဏနဲ့ ကာလကတော့ ဘာကြောင့် အလုပ်လက်မဲ့ဖြစ်တာလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။
(၁) အလုပ်ဖြုတ်ခံရတာ၊ လုပ်ငန်းပိတ်လို့ ဒါမှမဟုတ် မလွှဲမရှောင်သာတဲ့ အခြေအနေ (ဥပမာ- သဘာဝဘေး) ကြောင့် အလုပ်ထွက်ရမျိုးတာဆိုရင် ကိုယ့် ပျမ်းမျှလစဉ်လစာရဲ့ ၅၀% ကို အများဆုံး ၆လ အထိ ရပါမယ်။
(၂) ကိုယ်တိုင်နုတ်ထွက်တာ ဒါမှမဟုတ် အလုပ်ခန့်စာချုပ် သက်တမ်းကုန်သွားလို့ဆိုရင် ကိုယ့်ပျမ်းမျှလစဉ်လစာရဲ့ ၃၀% ကို အများဆုံး ရက်ပေါင်း ၉၀ အထိ ရပါမယ်။
အကျိုးခံစားခွင့် ပမာဏကို ကိုယ့်ရဲ့ပျမ်းမျှလစာပေါ်မူတည်ပြီး တွက်တာဖြစ်ပြီး အများဆုံး လစာ ဘတ် ၁၅,၀၀၀ ကိုပဲ အခြေခံပါတယ်။ နားလည်အောင်ပြောရရင် ကိုယ့် လစာက ဘတ် ၁၅၀၀၀ ထက်ပိုရင်လည်း အများဆုံး ၁၅၀၀၀ နှုန်းနဲ့ပဲ တွက်မယ်လို့ ဆိုလိုတာပါ။
ဘယ်လိုလျှောက်ရမလဲ?
အကျိုးခံစားခွင့်တွေအတွက် လျှောက်ထားဖို့ဆိုရင်-
- လူမှုဖူလုံရေးရုံး (SSO) ကို သွားပြီး လျှောက်လွှာတင်ရပါမယ်။
- အလုပ်လုပ်ခဲ့ကြောင်း အထောက်အထား၊ အလုပ်ထွက်လက်မှတ် ဒါမှမဟုတ် နုတ်ထွက်စာ၊ ပြီးတော့ ကိုယ်ပိုင်ဘဏ်စာရင်းအသေးစိတ် စတဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပေးရပါမယ်။
- လူမှုဖူလုံရေးရုံးက ကိုယ့်ရဲ့လျှောက်လွှာကို စိစစ်ပြီး အကျိုးခံစားခွင့် ရသင့်၊ မရသင့် ဆုံးဖြတ်ပြီးရင် ပေးသင့်တဲ့ငွေကို ရရှိမယ့် လအလိုက် တစ်လချင်း ထုတ်ပေးပါလိမ့်မယ်။
တစ်နှစ်အတွင်း အလုပ်လက်မဲ့ အကျိုးခံစားခွင့်ရနိုင်တဲ့ စုစုပေါင်းကာလက ဘယ်လိုအကြောင်းပြချက်မျိုးနဲ့ဖြစ်ဖြစ် ၆လ ထက် မပိုပါဘူး။ကိုယ်တိုင်နုတ်ထွက်တဲ့သူတွေလည်း အကျိုးခံစားခွင့်ရပေမယ့် အလုပ်ဖြုတ်ခံရတဲ့သူတွေထက် ရရှိမယ့် ပမာဏရော၊ အချိန်ကာလရော နည်းပါတယ်။ဆိုးရွားတဲ့ အပြုအမူတွေကြောင့် အလုပ်ထုတ်ခံရတဲ့သူတွေ ကတော့ အလုပ်လက်မဲ့အကျိုးခံစားခွင့် ရရှိမှာ မဟုတ်ပါဘူး။
Ref : Thailandacclime/msna
++++