ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖော့ဖ်ဖရာမြို့နယ်မှာ ဇူလိုင်လ ၁၅ ရက်နေ့က တရားမဝင် ဝင်ရောက်နေထိုင်တဲ့ မြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးက စုံစမ်းစစ်ဆေးရေးအရာရှိတွေနဲ့ ဖော့ဖ်ဖရာရဲစခန်းက အရာရှိတွေ ပူးပေါင်းပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှ ဖော့ဖ်ဖရာမြို့နယ်၊ ချောင်းခဲပ်ဒေသ၊ ဒွန်ချဒီကျေးရွာရဲ့ အနောက်ဘက်မှာရှိတဲ့ ပြောင်းခင်းတစ်ခုမှာ တရားမဝင်ဝင်ရောက်လာတဲ့ အသက် ၆၀ အရွယ် မြန်မာနိုင်ငံသားတစ်ဦးအပါအဝင် စုစုပေါင်း ၁၈ ဦးကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိသူတွေကို ၂၀၂၂ ခုနှစ် ညှဉ်းပန်းနှိပ်စက်မှု တားဆီးကာကွယ်ရေးနှင့် နှိမ်နင်းရေးဥပဒေ ပုဒ်မ ၂၂ အရ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်နေထိုင်ခြင်းနဲ့ အရေးယူသွားမှာဖြစ်ပြီး ဥပဒေနဲ့အညီ ဆက်လက်အရေးယူနိုင်ဖို့အတွက် ဖော့ဖ်ဖရာရဲစခန်းက စုံစမ်းစစ်ဆေးရေးမှူးတွေဆီ လွှဲပြောင်းပေးလိုက်ပြီဖြစ်တယ်လို့ တာခ့်လူဝင်မှုကြီးကြပ်ရေးသတင်းအရ သိရပါတယ်။