ဇွန်လ ၁၇ ရက်နေ့ကစပြီး ပန်းရောင်လိုင်း ရထားလမ်းကြောင်းမှာ အသစ်ထပ်တိုးထားတဲ့ လမ်းကြောင်းသစ်တစ်ခုကို ဖွင့်လှစ်လိုက်ပါပြီ။အသစ်ထပ်တိုးထားတဲ့ လမ်းကြောင်းက သီရိရက် ကနေ အင်းပက်သနပက်သနီ (MT01)ဘူတာ နဲ့ မောင်ထုန်ဌာနီလိတ်ခ် (MT02)ဘူတာတို့ကို ချိတ်ဆက်ပေးထားတာဖြစ်ပါတယ်။
ဒီလမ်းကြောင်းအသစ် စတင်ခဲ့ချိန်မှာ မေလ ၂၀ရက်နေ့ ကနေ ဇွန်လ ၁၆ရက်နေ့ ထိ အခမဲ့ စမ်းသုံးခွင့်ပေးထားတာဖြစ်ပြီး ဇွန်လ ၁၇ ရက်နေ့မှာတော့ တရားဝင် စတင်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။
နေ့စဉ်ရထားအချိန်
- မနက် ၆ နာရီ မှ ည ၁၂ နာရီအထိ။
စျေးနှုန်းသတ်မှတ်ချက်
- ခရီးတို ၁၅ ဘတ် နဲ့
- အများဆုံးကတော့ ၄၅ ဘတ် ဖြစ်ပါတယ်။
ရထား ထွက်ချိန်
- မနက် ၇နာရီ မှ ၈ နာရီ – ၅ မိနစ်တစ်ကြိမ်
- ညနေ ၅နာရီ မှ ၆ နာရီ – ၅ မိနစ်တစ်ကြိမ်
- အခြားအချိန် – ၁၀ မိနစ် တစ်ကြိမ်
- စနေ၊တနင်္ဂနွေ- ၁၀ မိနစ် တစ်ကြိမ်
ဒီလမ်းကြောင်းက ဒီဒေသတွေမှာ ခရီးသွားလာတဲ့ လူတွေအတွက် ကုန်ကျစရိတ်သက်သာတဲ့အပြင် လမ်းပိတ်တဲ့ ဒဏ်မခံရပဲ မြို့ထဲကနေ ဒွန်မောင်းလေဆိပ် အနောက်ဘက် မောင်ငထုန်ဌာနီ မြို့နယ်အထိ သက်သက်သာသာ သွားနိုင်မှာ ဖြစ်ပါတယ်။
ဒီပတ်ဝန်းကျင်မှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေအတွက်လည်း ဈေးသက်သာပြီးလမ်းကြောင်းတိုတဲ့ ခရီးစဉ်အသစ်တစ်ခုဖြစ်လာတာမို့ အလုပ်သွားလာရတာလည်း ပိုအဆင်ပြေသွားမှာပါ။
သတင်း – thaiger