ထိုင်းနိုင်ငံ ချွန်ပူလီခရိုင် လယောင်မြို့မှာရှိတဲ့ အလူမီနီယမ် ခဲဖတ် ထုတ်လုပ်တဲ့ စက်ရုံမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၂၀၀ ကျော် အလုပ်ဖြုတ်ခံလိုက်ရတယ်လို့ သိရပါတယ်။
MOU / name list နဲ့ CI ကိုင်ဆောင်ထားတဲ့ အလုပ်သမား ၃၀၀ ကျော်ဟာ ကြားစပ်ကုမ္ပဏီမှ တစ်ဆင့် အလူမီနီယမ် ခဲဖတ် စက်ရုံတွင် ဝင်ရောက်လုပ်ကိုင်နေတာ ၁ နှစ်ခန့်ရှိပြီလို့သိရပါတယ်။
၂၀၂၅ ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှာတော့ ၎င်းစက်ရုံမှ တာဝန်ရှိသူတွေက အလုပ်သမားတွေရဲ့ ကြားစပ်ကုမ္ပဏီကို စာရင်းထဲမှာပါတဲ့ အလုပ်သမား၆၅ ဦးကိုသာ ယူတော့မယ်လို့ဆိုကာ ကျန်တဲ့အလုပ်သမား ၂၀၀ ကျော်ကို အကြောင်းပြချက်မရှိ အလုပ်ဖြုတ်လိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်သမား၂၀၀ ကျော်အနေနဲ့ရရှိရန်ကျန်တဲ့ လစာ ၁ လစာကိုလဲ မပေးဘူးလို့သိရပါတယ်။
မကြာခန အကြောင်းမဲ့ အလုပ်ထုတ်ခံရတာတွေ များနေတာကြောင့် အလုပ်သမားတွေအနေနဲ့ အယုံမလွယ်ဖို့နဲ့ ကြားစပ်ကုမ္ပဏီတွေနဲ့ လုပ်တဲ့အခါ သတိထားဖို့ လိုနေကြောင်း WAG မြန်မာက ကိုမုန်တိုင်းက ပြောတာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သတ်ပြီး အလုပ်သမား မဟာမိတ်အဖွဲ့ WAG ကို အကူအညီတောင်းခံလာတာကြောင့် ဇွန်လ ၁၃ ရက်နေ့မှာ အလုပ်သမားတွေနဲ့ တွေ့ဆုံပြီး အမှုလက်ခံခဲ့တယ်လို့ သိရပါတယ်။