ထိုင်းမိုးလေဝသဌာနမှ ဇွန် ၁၂ ရက်နေ့ထုတ်ပြန်ချက်အရ အပူပိုင်းမုန်တိုင်း ဝူတစ်( WUTIP) ကြောင့် ထိုင်းနိုင်ငံတစ်ဝှမ်း မိုးသည်းထန်စွာရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်း ဝူတစ်ဟာ တစ်နာရီကို ၁၅ ကီလိုမီတာခန့်နဲ့ အနောက်မြောက်ဘက်ကို အနည်းငယ်ရွေ့လျားနေပြီး အပူပိုင်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာမယ်လို့ ခန့်မှန်းရပါတယ်။ ဇွန် ၁၃ မှ ၁၄ ရက်အတွင်း ဟိုင်းနန်ကျွန်းအရှေ့ဖက်ကိုဖြတ်ကာ တရုတ်နိုင်ငံတောင်ပိုင်းသို့ ဝင်ရောက်လာမယ်လို့ TMDက ခန့်မှန်းထားပါတယ်။
မုန်တိုင်းငယ်ဟာ ထိုင်းနိုင်ငံကို တိုက်ရိုက်ဝင်ရောက်မှာမဟုတ်သော်လည်း ၎င်းကြောင့် ထိုင်းတဝှမ်း မိုးကြီးနိုင်ပြီး ဘန်ကောက်နဲ့ အနီးတစ်ဝိုက်ရှိ ပြည်နယ်တွေမှာ ၆၀ % ခန့် မိုးသည်းထန်စွာရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသများတွင် နေထိုင်သူများ အထူးသဖြင့် တောင်ခြေ၊ မြေနိမ့်ပိုင်းများနှင့် ရေလမ်းများအနီးတွင်နေထိုင်သူများအနေနဲ့ မြေပြိုခြင်း ၊ ရုတ်တရက်ရေကြီးခြင်းနဲ့ လျှပ်တပြက်ရေလျှံ မှုများဖြစ်လာနိုင်တာကြောင့် သတိထားနေကြရန် ထိုင်းမိုးလေဝသဌာန TMD ကတိုက်တွန်းထားပါတယ်။