ထိုင်းကိုရောက်နေတဲ့ မြန်မာအလုပ်သမား ၃ ယောက်မှာ ၁ ယောက်နီးပါးက ချေးငွေအကြွေး ရှိနေပါတယ်။ နိုင်ငံတကာရွေ့ပြောင်းအလုပ်သမား အဖွဲ့အစည်း IOMက ထုတ်ပြန်တဲ့ စစ်တမ်းအရ အလုပ်သမား ၂၉ ရာခိုင်နှုန်းလောက်က အကြွေးတစ်မျိုးမဟုတ် တမျိုး ရှိနေကြတာပါ။
IOM ရဲ့အချက်အလက်အရ အကြွေးတွေရဲ့ ၆၀ ရာခိုင်နှုန်းက ခရီးစရိတ်အတွက် ချေးထားမိကြတာပါ။ ၂၀၂၄ ကမှ စပြီး လာတဲ့သူတွေအတွက်တော့ အကြွေးယူရတဲ့အဓိကအကြောင်းအရင်းက ထိုင်းကို ရွှေ့ပြောင်းလာဖို့ ခရီးစရိတ် ဖြစ်လာနေတာပါ။ ထိုင်းနိုင်ငံကို ရွေ့ပြောင်းအလုပ်သမားအနေနဲ့ ရောက်လာဖို့အတွက် လမ်းစရိတ်ကုန်ကျတာတွေအပြင် အထောက်အထားစာရွက်စာတမ်းတွေအတွက် ကြားခံပွဲစားတွေကို ပေးရတဲ့ ကုန်ကျစရိတ်တွေလဲပါပါတယ်။
တစ်ချို့အခြေအနေတွေမှာ မြန်မာပြည်ကထွက်လာတည်းက ဒီကုန်ကျစရိတ်တွေအတွက် ချေးငှါးလာရတာမျိုးရှိပါတယ်။
IOMရဲ့ စစ်တမ်းအရ အကြွေးယူရတဲ့ အဓိက အကြောင်းအရင်းတွေက
- အိမ်ဌားခနဲ့ အိမ်စာရိတ် အတွက် 47%
- အစားအသောက် အတွက် 45%
- ဗီဇာနဲ့ ရွေ့ပြောင်းစရိတ် အတွက် 43%
- ဆေးကုသစရိတ် အတွက် 30% နဲ့
- အခြားအကြွေးတွေ ပြန်ရှင်းပေးဖို့အတွက် 18% တို့ ပါဝင်ပါတယ်။
ထိုင်းနိုင်ငံထဲ ရောက်လာပြီးလို့ အလုပ်ရတယ်ဆိုရင်တောင်မှ ဝင်ငွေနဲ့ ထွက်ငွေ ကုန်ကျစားရိတ်က မမျှဘူးလို့ စစ်တမ်းက ပြောပါတယ်။ ထိုင်းမှာရောက်နေတဲ့ မြန်မာနိုင်ငံသား လေးဦးမှာ တစ်ဦးနှုန်းက ဝင်ငွေထက် သုံးစွဲရတာက ပိုများနေတာပါ။ ၂၄ ရာခိုင်နှုန်းက ဝင်ငွေမလောက်ဘူးလို့ ဖြေဆိုကြပါတယ်။
ဒီအကြွေးတွေကြောင့် အလုပ်သမားအများစုက ကိုယ်လုပ်ချင်တဲ့အလုပ်ကို မလုပ်နိုင်ဘဲနဲ့ အကြွေးဆပ်ဖို့ အဓိကထားပြီး ရရာ အလုပ်လုပ်နေကြရတာမျိုးရှိပါတယ်။
တချို့ကတော့ ဒီအကြွေးတွေကြောင့် အလုပ်သမား အထောက်အထားတွေအတွက် သက်တမ်းမတိုးနိုင်ပဲ
တရားမဝင်အခြေအနေထဲ ရောက်သွားတာမျိုးတွေအထိ ကြုံတွေ့နေကြရတာပါ။
အကြွေးရှိတဲ့သူတွေရဲ့ ပျမ်းမျှအကြွေးက ၂၉၀၀၀ ဘတ်ရှိပါတယ်။
IOM ရဲ့ စစ်တမ်းအရ အကြွေးယူထားတဲ့ ပမာဏ အများဆုံးရှိတဲ့ မြို့တွေထဲမှာ ချင်းမိုင်က ထိပ်ဆုံးဖြစ်ပါတယ်။ ချင်းမိုင်မှာ နေထိုင်သူတွေရဲ့ ပျှမ်းမျှအကြွေးက ၅၉,၅၀၀ ဘတ်၊
ဒုတိယနေရာက ကန်ချနာဘူရီ – ၄၄,၅၀၀ ဘတ်
ဖူးကတ် – ၃၇,၀၀၀ ဘတ် တို့ ဖြစ်ပါတယ်။