မိုးသည်းပြီး ရေကြီးနိုင်ခြေရှိ
ထိုင်းနိုင်ငံတစ်ဝှမ်း ဘန်ကောက်အပါအဝင် ပြည်နယ် ၄၅ ခုမှာ မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့ ၊ မိုးကြိုးမုန်တိုင်း အန္တရယ်တွေ ရှိလို့ ရုတ်တရက်ရေကြီးခြင်းနဲ့ မြေပြိုမှုတွေ ဖြစ်နိုင်တကြောင်း ထိုင်းမိုးလေဝသဌာန(TMD)က သတိပေးချက်ထုတ်ပြန်ပါတယ်။ ယနေ့ကနေ ဇွန်လ ၁၃ ရက်နေ့အထိ ပြင်းထန်တဲ့ ရာသီဥတုကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။
အထူးသဖြင့် အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် မိုးအလွန်သည်းထန်နိုင်ပြီး မြစ်အနီး၊တောင်ခြေ နဲ့ မြေနိမ့်ပိုင်းတွေမှာ နေထိုင်သူတွေကိုလဲ သတိထားဖို့ တိုက်တွန်းထားပါတယ်။ လယ်သမားများအနေဖြင့်လည်း စိုက်ပျိုးမှုများအပေါ် ရေကြီးဖျက်စီးမှု ဖြစ်နိုင်တာကြောင့် သတိထားကြဖို့ TMD က ထပ်မံသတိပေးထားပါတယ်။
ယနေ့နံနက်ပိုင်းမှ ညနေပိုင်းအထိ ပြည်နယ်(၄၁)ခုတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်းခန့်မှန်းထားပြီး ထိုင်းနိုင်ငံတောင်ပိုင်းမှာ ၈၀% ခန့် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး မြောက်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ၇၀% ခန့်ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
ဘန်ကောက်နှင့်အနီးတစ်ဝိုက်ဒေသများမှာ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး မိုးကြိုးမုန်တိုင်းဖြစ်နိုင်ခြေ 60%ရှိတယ်လို့ ခန့်မှန်းထားပြီး မိုးသည်းထန်ချိန်အတွင်း အိမ်အပြင်မထွက်ပဲ မိုးလေဝသသတင်းကိုစောင့်ကြည့်ပြီး သတိထားကြဖို့ကိုလဲ ထိုင်းမိုးဇလက သတိပေးထားပါတယ်။
သတင်း – thaiger
photo:aigenerated