ရွှေ့ပြောင်းအလုပ်သမားဗီဇာ(Non-LA)က ထိုင်းနိုင်ငံမှာ နှစ်နှစ်ဆက်တိုက်နေထိုင်ခွင့် ရပါတယ်။ ဒါပေမယ့် သက်တမ်းကုန်ဆုံးတော့မယ်ဆိုရင်တော့ သက်တမ်းတိုးဖို့အတွက် ရက် ၃၀ ကြိုတင်ပြီး လျှောက်ထားရမှာ ဖြစ်ပါတယ်။ သက်တမ်းကုန်သွားပြီး ဆက်နေနေမယ်ဆိုရင် ဒဏ်ကြေးက ဘတ် ၅၀၀ ကနေ ဘတ်၂၀၀၀၀ ထိ ရှိပါတယ်။
သက်တမ်းကျော်လွန် နေထိုင်မှုက ရက် ၃၀ ထက်ပိုခဲ့မယ်ဆိုရင်တော့ သက်တမ်းတိုးခွင့်ပြုမှာ မဟုတ်တော့ပါဘူး။ ဗီဇာသက်တမ်းကျော်တာက ရက် ၉၀ ထက်ကျော်ခဲ့မယ်ဆိုရင်တော့ ကိုယ့်နိုင်ငံကိုပြန်ပို့တာခံရပြီး ထိုင်းနိုင်ငံကို ပြန်ဝင်ခွင့်ပိတ်တဲ့အထိ အရေးယူတာမျိုး ခံရနိုင်ပါတယ်။
နောက်တစ်ခုက အလုပ်သမားတွေအနေနဲ့ အလုပ်လုပ်ခွင့်ကတ် (work permit) ကိုလည်း သက်တမ်းမကုန်ခင်မှာ ပြန်ပြီး သက်တမ်းတိုးသင့်ပါတယ်။ ဗီဇာသက်တမ်းကုန်သွားရင် work permit သက်တမ်းတိုးတာကိုပါ လုပ်လို့ရမှာမဟုတ်တော့ပါဘူး။အဲ့ဒါကြောင့် ကိုယ့်မှာရှိတဲ့ ဗီဇာ / အလုပ်လုပ်ခွင့်အထောက်အထားတွေရဲ့ သက်တမ်းကို သတိထား ဂရုစိုက်ဖို့လိုပါတယ်။
ဗီဇာသက်တမ်းကုန်နေတာကို ဖမ်းဆီးမိခဲ့ရင် ထောင်ဒဏ်အထိဖြစ်နိုင်တာကြောင့် ကိုယ့်ရဲ့ ဗီဇာ သက်တမ်းကုန်တဲ့အခါ တာဝန်ရှိသူတွေကို အမြန်ဆုံး အသိပေး အကြောင်းကြားသင့်ပါတယ်။ ဒီလိုအသိပေးတာက မလိုလားအပ်တဲ့အရေးယူခံရတာတွေကိုရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။