လုပ်ငန်းခွင်ဝင်ပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကို မထိခိုက်အောင် သတိထား ဂရုစိုက်ရမယ့် အရာတွေရှိပါတယ်။
လုပ်ငန်းခွင်တိုင်းမှာ ကိုယ်ပိုင် စည်းမျဉ်းတွေနဲ့ လုပ်ထုံးလုပ်နည်း သတိပေးဆိုင်းဘုတ်တွေ အမှတ်အသားတွေရှိပါတယ်။အဲ့ဒါတွေကို သေချာနားလည်ပြီး မှတ်ထားဖို့လိုပါတယ်နော်
ကိုယ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေလို အမြင့်တွေပေါ်မှာလုပ်ရတဲ့အလုပ်တွေမှာ အန္တရာယ်ကင်းဖို့ ခါးပတ်နဲ့ အသက်ကယ်ကြိုးကို အမြဲတပ်ထားဖို့လိုပါတယ်။
ပြီးရင် လုပ်ငန်းခွင်ထဲမှာ မလုံခြုံတာမျိုး အန္တရာယ်ရှိတာမျိုး တခုခုတွေ့ရင် တာဝန်ရှိတဲ့သူတွေကို အသိပေးအကြောင်းကြားတာမျိုး လုပ်ရပါမယ်နော်။
အခုလို မိုးရာသီ မိုးများတဲ့ကာလမျိုးမှာ လုပ်ငန်းခွင်ထဲမှာ ပိုပြီးဂရုစိုက်ဖို့လိုတယ်နော်။
လျှပ်စစ်ကြောင့်ဖြစ်နိုင်တဲ့ အန္တရာယ်တွေကို သတိထားဖို့လိုပါတယ်။ ရေစိုနေချိန် လျှပ်စစ်ပစ္စည်းတွေမသုံးမိဖို့ ဝါယာကြိုးအဟောင်းတွေ မသုံးမိဖို့ ဂရုစိုက်ဖို့လိုတယ်နော်။
နောက်တစ်ခုက မိုးရာသီမှာ အန္တရာယ်ရှိတဲ့ မြွေလို သတ္တဝါတွေထွက်တတ်တာမို့ သွားတာလာတာ သတိရှိဖို့လိုပါတယ်။
နောက်ပြီး ပစ္စည်း အလေးအပင်တွေ သယ်ယူရတဲ့အခါ ခန္တာကိုယ်မထိခိုက်အောင် နည်းမှန်လမ်းမှန်နဲ့ သယ်ယူဖို့ လိုသလို စက်စ္စည်ံးသုံးပြီးသယ်ဖို့ လိုအပ်ရင်လည်း သုံးရပါမယ်နော်။
မီးဘေးအန္တရာယ်နဲ့ပတ်သတ်လို့ တခုခုဖြစ်လာရင် ဘယ်လို ကာကွယ်ရမလဲ ဆိုတာလဲ လေ့လာထားရပါမယ်။ မီးသတ်ဆေးဗူးဘယ်လိုအသုံးပြုရတယ် ဆိုတာမျိုးက အစ လေ့လာထားဖို့လိုတယ်နော်။
ဒါတွေကလုပ်ငန်းခွင်အတွင်းမှာ သတိထားဂရုစိုက်သင့်တဲ့ အရာတွေဖြစ်ပါတယ်။ တကယ်တော့ အလုပ်မှာမှမဟုတ်ပါဘူး ဘယ်နေရာရောက်ရောက် ကိုယ့်ကိုယ်ကိုဂရုစိုက်ရပါမယ်နော်။