ထိုင်းမှာ ရွှေ့ပြောင်းအလုပ်သမားတွေ ဝင်ရောက်လုပ်ကိုင်လို့မရတဲ့ လုပ်ငန်းအမျိုးအစားတွေရှိပါတယ်။ ထိုင်းရိုးရာလက်မှုလုပ်ငန်းတွေအပါအဝင် ဆံပင်ညှပ်၊အလှပြင်လို လုပ်ငန်းမျိုးတွေလည်း ပါဝင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အစိုးရက အဆိုပါနေရာတွေမှာ ဝင်ရောက်လုပ်ကိုင်ခြင်းကို ဥပဒေပြဌာန်းကန့်သတ်ထားတာ ဖြစ်ပါတယ်။
ရွှေ့ပြောင်းအလုပ်သမားများ လုပ်လို့မရတဲ့ လုပ်ငန်းများ
ရိုးရာ တူရိယာလုပ်ငန်း
ရွှေထည်၊ငွေထည်လုပ်ငန်း
ကြေးထည်လုပ်ငန်း
ရိုးရာ အရုပ်ဖန်တီးခြင်းလုပ်ငန်း
သပိတ်ပြုလုပ်ခြင်းလုပ်ငန်း
ထီးလုပ်ငန်း
ယက္ကန်းလုပ်ငန်း
ရုပ်ပွားတော်ထုလုပ်ခြင်းလုပ်ငန်း
ပိုးချည်လုပ်ငန်း
ရိုးရာအနှိပ်လုပ်ငန်း
ဆေးလိပ်ခုံလုပ်ငန်း
ထိုင်းအက္ခရာစီလုပ်ငန်း
ပိုးချည်လုပ်ငန်း
လမ်းဘေးဈေးရောင်းချခြင်း
ပွဲစားလုပ်ငန်း
ဧည့်လမ်းညွှန်လုပ်ငန်း
အတွင်းရေးမှူးလုပ်ငန်း
ဥပဒေဝန်ဆောင်မှုလုပ်ငန်း
ချည်ယက်လုပ်ငန်း
သစ်သားပန်းပုလုပ်ငန်း
ပန်းယွန်းလုပ်ငန်း
စက္ကူပြုလုပ်ခြင်း လုပ်ငန်း
ဖျာယက်လုပ်ငန်း
ဆံပင်ညှပ်၊အလှပြင်လုပ်ငန်း
ကျောက်မျက်ရတနာလုပ်ငန်း
လေလံတင်အရောင်းအဝယ်လုပ်ငန်း
ယာဉ်မောင်းလုပ်ငန်း
စတာတွေပဲ ဖြစ်ပါတယ်။