နောက်ကစီးသူပါ မဆောင်းရင် နှစ်ဆ
ဆိုင်ကယ် စီးနင်းသူရော၊ နောက်က လိုက်သူပါ ဆိုင်ကယ် ဦးထုပ်မဆောင်းရင် ခြွင်းချက်မရှိ ဒဏ်ရိုက်ခံရတော့မယ် စီမံချက်ကို ဇွန်လ ၁ ရက်နေ့ဆိုရင် စတင်တော့မှာပါ။ ပိုသတိထားရမှာက နောက်က လိုက်စီးသူပါ ဦးထုပ်မဆောင်းထားရင် ဒဏ်ငွေက နှစ်ဆ ဖြစ်သွားနိုင်ပါတယ်။
ဒဏ်ကြေး
အခု ထိုင်းမှာ ဆိုင်ကယ်မောင်းတဲ့သူရော လိုက်စီးတဲ့သူရော ဆိုင်ကယ်ဦးထုပ်မဖြစ်မနေဆောင်းကိုဆောင်းရပါမယ်။ တကယ်လို့ ဆိုင်ကယ်ဦးထုပ် မဆောင်းတာကို ဖမ်းမိခဲ့ရင် ဒဏ်ငွေက ဘတ် ၂၀၀၀ ပါ။ အရင်က ဆိုင်ကယ်ဦးထုပ်မဆောင်းရင် ဒဏ်ငွေ ဘတ်၅၀၀ ကနေ အခု ဘတ် ၂၀၀၀ လို့ ပြောင်းလဲသတ်မှတ်လိုက်တာပါ။
နေရာ
ကျောင်းနဲ့အနီးတစ်ဝိုက်နေရာတွေ မတော်တဆ မကြာခဏဖြစ်တတ်တဲ့ အန္တရာယ်များတဲ့နေရာတွေမှာ ပိုပြီး တင်းတင်းကြပ်ကြပ်စစ်ဆေးနိုင်ပါတယ်။
စီမံချက်နဲ့ ဖမ်းဆီးဖို့လုပ်နေတာကြောင့် မဖြစ်မနေဆိုင်ကယ်ဦးထုပ်ဆောင်းဖို့လိုပါတယ်။ကိုယ့်အသက်အန္တရာယ်အတွက်လဲ အရမ်းအရေးကြီးပါတယ်။
မြန်နှုန်း
ဆိုင်ကယ်မောင်းနှင်တဲ့အခါ မြန်နှုန်း ဂရုစိုက်ဖို့လဲလိုပါတယ်။မိုးရာသီဖြစ်တာကြောင့် မတော်တဆဖြစ်နိုင်ခြေများတာမို့လို့ ဆိုင်ကယ်မောင်းတဲ့အခါ သတ်မှတ်ထားတဲ့ မြန်နှုန်းနဲ့ပဲ မောင်းနှင်သင့်ပါတယ်။
ထိုင်းမှာ မော်တော်ဆိုင်ကယ်ကြောင့် မကြာခဏ မတော်တဆဖြစ်ပြီး အသက်သေဆုံးတာတွေနဲ့ ထိခိုက်ဒဏ်ရာရတာတွေတိုးလာတာကြောင့် ဒီအန္တရာယ်တွေကို လျော့ချဖို့အတွက် ဆိုင်ကယ်ဦးထုပ်မဆောင်းရင် ဒဏ်ကြေးတိုးကောက်ဖို့ စီမံချက်ချလိုက်တာပါ။
ကိုးကား – Bangkokpost
royalthaipolice