ထိုင်းနိုင်ငံမှာ အမျိုးသမီးအလုပ်သမားတွေကို အမျိုးသမီးဓမ္မတာခွင့်ပေးဖို နှိုးဆော်နေကြတာ ကြာပါပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းအစိုးရက တိုက်တွန်းအားပေးတဲ့စာတစ်စောင် ပျံ့နှံ့လာပါတယ်။
မြောက်ပိုင်းကွန်ရက်အဖွဲ့ဆိုတဲ့ အဖွဲ့ဟာ အလုပ်သမားတွေရဲ့ အခက်အခဲနဲ့ပတ်သက်ပြီး ထိုင်းအစိုးရကို တင်ပြခဲ့ပါတယ်။ ဒီထဲက အချက်တစ်ချက်ဟာ
အမျိုးသမီးတွေ ဓမ္မတာကြောင့် ယူရတဲ့ ခွင့်ရက်ကို ဓမ္မတာခွင့်အဖြစ်သတ်မှတ်ပေးဖို့၊ အဆိုပါခွင့်ရက်ကို လုပ်အားခလည်း မဖြတ်ဖို့၊ အမျိုးသမီးအလုပ်သမားတွေအားလုံး ဓမ္မတာလစဉ်သုံးပစ္စည်းကို အခမဲ့ အဆင်ပြေစွာအသုံးပြုလို့ရအောင် အလုပ်ရှင်တွေက စီမံပေးဖို့ ဖြစ်ပါတယ်။
ဒီအချက်တွေနဲ့ ပတ်သက်ပြီး အလုပ်သမားလူမှုဖူလုံရေးနဲ့ ကာကွယ်ရေးဌာနဟာ ဒေသဆိုင်ရာ သူ့ရဲ့ ရုံးတွေကို ညွှန်ကြားချက်စာထုတ်ခဲ့ပါတယ်။ အလုပ်သမားတွေရဲ့ ဘဝတိုးတက်ရေး၊ အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို မြှင့်တင်ရေးတွေအတွက် လုပ်အားခမဖြတ်ဘဲ ဓမ္မတာခွင့်ယူနိုင်ရေး၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများ အခမဲ့အဆင်ပြေအောင် သုံးစွဲနိုင်ရေးတို့ကို အလုပ်ရှင်တွေ ဖိတ်ခေါ်ပြီး အများပြည်သူသိအောင် ပြုလုပ်ဖို့ ဖြစ်ပါတယ်။လုပ်ဆောင်ပြီးတဲ့အခါမှာ ရလာတဲ့ ရလဒ်တွေကို ကျူအာကုတ်ဖတ်၊ဖောင်ဖြည့်ပြီး ပြန်လည်တင်ပြပေးဖို့ ညွှန်ကြားချက်စာမှာ ကျူအာကုတ်ပါထည့်သွင်းပေးထားပါတယ်။
ဗီယမ်နမ်နဲ့အင်ဒိုနီးရှားလိုဒေသတွင်းနိုင်ငံတွေမှာ အမျိုးသမီးအလုပ်သမားတွေအတွက် ဓမ္မတာခွင့်ပေးထားတာခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာနဲ့ ထိုင်းလိုနိုင်ငံတွေမှာ မရှိသေးတာဖြစ်ပါတယ်။