ထိုင်းနိုင်ငံတွင်း မုန်တိုင်းကျရောက် မိုးကြီးမှုတွေဟာ မေလကနေ ဇွန်လ အစောပိုင်းထိ ရှိနေမှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ မိုးလေဝသဌာနက ယျေဘုယျခန့်မှန်းထားပါတယ်။
ဒီနေ့ မေ ၁၉ ရက်နေ့အတွက်ကတော့ နေရာတော်တော်များများမှာ နေသာနိုင်ပေမယ့် နေရာအချို့မှာတော့ မိုးကြီးနိုင်ဆဲဖြစ်တယ်လို့ ခန့်မှန်းပါတယ်။ တာ့ခ်ခရိုင်၊ချင်းရိုင်၊ချင်းမိုင်နဲ့ မဲဟောင်ဆောင် တို့မှာတော့ ရွာရန်ရာခိုင်နှုန်း ၆၀ ရာခိုင်နှုန်းလောက်ထိ ခန့်မှန်းထားပါတယ်။
ရေကြီးမြေပြိုမှုတွေကိုလည်း မိုးလေဝသဌာနက သတိပေးနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် တောင်စောင်း၊တောင်အောက်နဲ့ ရေကြီးတတ်တဲ့နေရာတွေမှာ နေသူတွေဟာ သတိထားရမှာဖြစ်ပါတယ်။
ဒီနေ့အတွက် ဘန်ကောက်နဲ့ အနီးတစ်ဝိုက်ဒေသဟာလည်း ရွာရန် ရာခိုင်နှုန်း ၆၀ ရှိပါတယ်။ သွားလာစရာရှိရင် မြို့တွင်းရေကြီးမှုကြောင့် လမ်းပိတ်ဆို့မှုတွေကို ထည့်တွက်စဉ်းစားရမှာ ဖြစ်ပါတယ်။
Ref: The Nation