အလုပ်သမားဘက်က အပြစ်တစ်စုံတရာ မကျူးလွန်ဘဲ အလုပ်ဖြုတ်မယ်ဆိုရင် ထိုင်းဥပဒေအရ အလုပ်သမားဟာ နစ်နာကြေးခံစားခွင့်ရှိပါတယ်။
လုပ်ခဲ့တဲ့ ရက်ပေါင်း ၁၂၀ ဆက်တိုက်ရှိခဲ့ပြီး လုပ်သက်က ၁ နှစ်အောက် ရှိမယ်ဆို နောက်ဆုံးရရှိခဲ့တဲ့ လစာနှုန်းထားအတိုင်း ရက်ပေါင်း ၃၀ စာ လုပ်အားခနဲ့ညီမျှတဲ့ငွေကို အလုပ်သမားက ခံစားခွင့်ရှိပါတယ်။
တစ်နှစ် ဆက်တိုက် အလုပ် လုပ်ခဲ့ပြီး ၃ နှစ်အောက် လုပ်သက်ရှိမယ်ဆိုရင်
နောက်ဆုံး ရရှိခဲ့တဲ့ လစာနှုန်းထားအတိုင်း ရက်ပေါင်း ၉၀ စာ လုပ်အားခနဲ့ ညီမျှတဲ့ ငွေကြေးကို
ခံစားပိုင်ခွင့်ရှိပါတယ်။
၃ နှစ် ဆက်တိုက် လုပ်ခဲ့ပြီး လုပ်သက် ၆ နှစ်ရှိရင်တော့
နောက်ဆုံး ရရှိခဲ့တဲ့ ရက်ပေါင်း ၁၈၀ စာ လုပ်အားခနဲ့ညီမျှတဲ့ ငွေကြေးကို ခံစားပိုင်ခွင့်ရှိပါတယ်။
၆ နှစ် ဆက်တိုက် လုပ်ခဲ့ပြီး ၁၀ နှစ်အောက် လုပ်သက်ရှိရင်တော့
ရက်ပေါင်း ၂၄၀ စာ လုပ်အားခနဲ့ ညီမျှတဲ့ ငွေကြေးကို ခံစားပိုင်ခွင့်ရှိတာ ဖြစ်ပါတယ်။
၁၀ နှစ် နဲ့ ၁၀ နှစ်အထက် ဆက်တိုက် အလုပ်လုပ်ခဲ့ရင်တော့ ရက်ပေါင်း ၃၀၀ စာ လုပ်အားခနဲ့ညီမျှတဲ့ ငွေကြေးကိုခံစားပိုင်ခွင့်ရှိပါတယ်။
Ref: ရွှေ့ပြောင်းအလုပ်သမားလက်စွဲစာအုပ်/IOM Thailand