အုပ်ချုပ်ရေး
ထိုင်းနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်ပြီး ဘုရင်ဟာလည်း နိုင်ငံရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ နိုင်ငံသူနိုင်ငံသားတွေဟာ ဘုရင်ကို ရိုသေအလေးထားကြပါတယ်။
မြေအနေအထား
ထိုင်းမြောက်ပိုင်းဟာ တောင်တန်းချိုင့်ဝှမ်းဒေသတွေဖြစ်ပြီး ပြည်နယ် ၁၇ ခု နဲ့ ဖွဲ့စည်းထားပါတယ်။ ထိုင်းတောင်ပိုင်းဟာ ကမ်းခြေနဲ့ ပင်လယ်ရှိရာ ဒေသတွေဖြစ်ပြီး ပြည်နယ် ၁၄ ခုရှိပါတယ်။ အလယ်ပိုင်းကတော့ မြေပြန့်ဒေသအများစုဖြစ်ပြီး ပြည်နယ် ၂၅ ခုရှိပါတယ်။ အရှေ့မြောက်လို့ သတ်မှတ်ထားတဲ့ ကုန်းမြေမြင့်ဒေသမှာတော့ ပြည်နယ် အခု ၂၀ နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ မြို့တော်ကတော့ ဘန်ကောက်ဖြစ်ပါတယ်။
လူဦးရေ
ထိုင်းမှာ လူဦးရေ သန်း ၆၀ ကျော်ရှိပါတယ်။ အမျိုးသား သန်း ၃၀ ကျော်နဲ့ အမျိုးသမီး သန်း ၃၀ ကျော်ဖြစ်ပါတယ်။
တည်နေရာ
အနောက်ဘက်မှာ မြန်မာနိုင်ငံရှိပါတယ်။ မြောက်ဘက်မှာလာအို၊ အရှေ့ဘက်မှာ ကမ္ဘောဒီးယား၊ တောင်ဘက်မှာမလေးရှားတို့ ရှိပါတယ်။
ဘာသာရေး
၁၀ ရာခိုင်နှုန်းက ခရစ်ယာန်၊ အစ္စလာမ်၊ ဗြာဟ္မဏနှင့်
ဟိန္ဒူဘာသာဝင်တွေ ဖြစ်ကြပြီး လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကတော့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်။