တရားဝင်ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လစာမဖြတ်တဲ့ ခွင့်သုံးမျိုးရှိပါတယ်။
၁။ ဖျားနာခွင့်
နေမကောင်းဖျားနာတဲ့အခါ ခွင့်ယူလို့ရပါတယ်။ ထိုင်းဥပဒေအရ ဒီခွင့်အတွက် တစ်နှစ်မှာ ရက် ၃၀ ယူလို့ရပါတယ်။ တစ်ခါမှာ ၃ ရက်ဆက်တိုက်ထိပဲ ယူလို့ရပါတယ်။ သုံးရက်ကျော်မယ်ဆိုရင်တော့ အလုပ်ရှင်က ကျန်းမာရေးထောက်ခံချက် တောင်းခွင့်ရှိပါတယ်။ ခွင့်ရက်အတွင်း လုပ်ခလစာရရှိမယ့် ခွင့်မျိုးဖြစ်ပါတယ်။
၂။ အလုပ်ကိစ္စခွင့်
ကိုယ်ရေးကိုယ်တာအလုပ်ကိစ္စကြောင့်လည်း ခွင့်ယူခွင့်ရှိပါတယ်။ ဒီခွင့်က တစ်နှစ်မှာ သုံးရက် ဖြစ်ပါတယ်။ ခွင့်ယူတဲ့အတွက် လုပ်အားခ ဖြတ်တောက်ခြင်းမရှိပါဘူး။
၃။ မီးဖွားခွင့်
ကိုယ်ဝန်ဆောင်မီးဖွားခွင့်က စုစုပေါင်း ၉၈ ရက်ထိ ရှိပါတယ်။ ခွင့်ယူစဉ် ကြားကာလထဲက အလုပ်ပိတ်ရက်တွေကိုပါ ထည့်သွင်းတွက်ချက်ထားတာ ဖြစ်ပါတယ်။ ဒီထဲမှာ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ဆေးခန်းမှာကိုယ်ဝန်ပြတဲ့ ခွင့်ရက်တွေလည်းပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်ခွင့်ယူထားတဲ့ကာလအတွင်းမှာ ၄၅ ရက်ဟာ လုပ်အားခ ခံစားခွင့်ရှိမှာ ဖြစ်ပါတယ်။
အထက်ပါအချက်တွေဟာ ထိုင်းအလုပ်သမားရေးဌာနက ထုတ်ပြန်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမားလမ်းညွှန်လက်စွဲစာအုပ်ကို အခြေခံဖော်ပြထားတာ ဖြစ်ပါတယ်။
Ref: ထိုင်းအလုပ်သမားရေးရာဌာန/ ထိုင်းနိုင်ငံအတွင်းတရားဝင်လုပ်ကိုင်သော
အလုပ်သမားများအတွက် ပညာပေးလက်စွဲ