ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်ဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ အလုပ်လုပ်ခွင့် လက်မှတ်လိုပါတယ်။ လက်မှတ်မရှိဘဲ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်ကို
ပြစ်ဒဏ်အဖြစ် ဘတ်ငွေ ၅၀၀၀ ကနေ ၅၀၀၀၀(ငါးသောင်း) ထိ ဒဏ်ငွေချမှတ်လို့ရပါတယ်။
ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားလုပ်ခွင့်မရှိတဲ့ လုပ်ငန်းတွေ ရှိပါတယ်။ ဒီလုပ်ငန်းတွေကို ဝင်ရောက်လုပ်ကိုင်မိမယ်ဆိုရင်လည်း ပြစ်ဒဏ်အဖြစ် ဘတ်ငွေ ၅၀၀၀ ကနေ ၅၀၀၀၀(ငါးသောင်း) ထိ ဒဏ်ငွေရှိပါတယ်။
အလုပ်ရှင်သူဌေးတစ်ယောက်ဆီမှာ အလုပ်လုပ်တဲ့အခါ ကိုယ်အလုပ်လုပ်နေတဲ့အကြောင်း သက်ဆိုင်ရာကို သတင်းပေးပို့အကြောင်းကြားဖို့လိုပါတယ်။ ဒီလိုအကြောင်းကြားခြင်းမရှိဘူးဆိုရင်တော့ ဒဏ်ငွေ ဘတ်၂၀၀၀၀(နှစ်သောင်း) ထိ ပေးဆောင်ရနိုင်ပါတယ်။
အလုပ်ရှင်အသစ်ဆီမှာ ပြောင်းပြီး လုပ်နေတယ်ဆိုရင်လည်း အကြောင်းကြားရပါတယ်။ ဒီလိုအကြောင်းကြားခြင်းမရှိဘူးဆိုရင်လည်း ဒဏ်ငွေ ဘတ် ၂၀၀၀၀(နှစ်သောင်း) ထိ ပေးဆောင်ရနိုင်ပါတယ်။
သက်ဆိုင်ရာက ကြည့်ရှု့ စစ်ဆေးချင်တဲ့အခါ အလုပ်လုပ်ခွင့်လက်မှတ် (work permit) ကို ပြသနိုင်ရမှာ ဖြစ်ပြီး အကြောင်းကြောင်းကြောင့် မပြသနိုင်ဘူးဆိုရင်တော့ ဒဏ်ငွေ ၅၀၀၀ ထိရှိပါတယ်။
အထက်ပါ အချက်အလက်တွေဟာ IOM(International Organization for Migration )ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားများလမ်းညွှန်လက်စွဲစာအုပ်ကို အခြေခံရေးသားထားတာ ဖြစ်ပါတယ်။
Ref: IOM/ ရွှေ့ပြောင်းအလုပ်သမားလမ်းညွှန်လက်စွဲစာအုပ်