တရားဝင်ရွှေ့ပြောင်းအလုပ်သမားအဖြစ်နဲ့ ထိုင်းမှာ နေထိုင်နေတဲ့အခါ တရားဝင်ဘဏ်အကောင့်ဖွင့်လို့ရပါတယ်။
နိုင်ငံကူးလက်မှတ်၊တရားဝင်အလုပ်လုပ်ခွင့်လက်မှတ်နဲ့ အထောက်အထားဆိုင်ရာစာရွက်စာတမ်းအချို့လိုအပ်ပါမယ်။ ကိုယ်သွားဖွင့်တဲ့ ဘဏ်ရဲ့ လက်ရှိမူဝါဒနဲ့ အခြေအနေပေါ်မူတည်ပါတယ်။
လူငှားပြီးဖွင့်တာ၊ အကောင့်ငှားပြီးသုံးတာတွေဟာ တရားမဝင်ငွေကြေးခဝါချမှု အက်ဥပဒေအောက်မှာ ရာဇဝတ်မှုမြောက်ပါတယ်။ ဘဏ်အကောင့်ဖွင့်တဲ့အခါ ဖုန်းဆင်းကတ်ဟာ မိမိနာမည်နဲ့ တရားဝင်မှတ်ပုံတင်သုံးစွဲနေတဲ့ ဖုန်းဆင်းကဒ်ဖြစ်ဖို့လည်း လိုအပ်ပါတယ်။
Ref: ရွှေ့ပြောင်းအလုပ်သမားလက်စွဲစာအုပ်/IOM Thailand