ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်အနေနဲ့ ရက်၉၀ ပြည့်တိုင်း လူဝင်မှူကြီးကြပ်ရေးရုံးမှာ သွားရောက်သတင်းပို့ရပါတယ်။ ဒါကို ရက်ကိုးဆယ် ပြည့်တိုင်း လုပ်ရမှာဖြစ်ပါတယ်။
တကယ်တော့ ဒီလိုသတင်းပို့ရတာဟာ အလုပ်သမားဗီဇာနဲ့ ထိုင်းနိုင်ငံတွင်း နေထိုင်သူတွေမှ မဟုတ်ပါဘူး။ နိုင်ငံတွင်းနေ နိုင်ငံခြားသားတိုင်း ပြုလုပ်ရတာ ဖြစ်ပါတယ်။ မိမိလက်ရှိနေနေတဲ့ နေရပ်ကို သတင်းပို့ရတာ ဖြစ်ပြီး သက်တမ်းမကုန်ခင် ၁၅ ရက်၊ သက်တမ်းကုန်ပြီး ၇ ရက်အတွင်း ပြုလုပ်လို့ရပါတယ်။
သတင်းပို့ဖို့ ရက်ကျော်လွန်ခဲ့မယ်ဆိုရင် ဘတ် ၅၀၀၀
အောက် ဒဏ်ကြေး နဲ့ ရက်လွန်ကြေး တစ်ရက်ကို ဘတ် ၂၀၀ ထိ ပေးဆောင်ရမှာပါ။ ထိုင်းနိုင်ငံထဲက ထွက်ပြီး ပြန်ဝင်လာမယ်ဆိုရင်လည်း ရက် ၉၀ သတင်းပို့မှုကို အသစ်ပြန်လည် ပြုလုပ်ရမှာ ဖြစ်ပါတယ်။