မြန်မာမှာလက်အုပ်ချီတာက ကြာဖူးပုံစံလုပ်ပြီး အရိုအသေပေးတာလို သိကြပါတယ်။
လက်အုပ်ချီခြင်းဟာ အရိုအသေပေးခြင်းပုံစံတစ်ရပ်ဖြစ်တာကတော့ မြန်မာနဲ့ ထိုင်းမှာ အတူတူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ထိုင်းလူမျိုးတွေမှာ လက်အုပ်ချီတဲ့အခါ အမျိုးအစား သုံးမျိုးရှိပါတယ်။ ဘုရားပုထိုး၊စေတီ၊ ဆင်းတုတော်နဲ့ သံဃာအရှင်သူမြတ်တို့ကို ရှစ်ခိုး လက်အုပ်ချီတဲ့အခါ လက်ကိုရင်ဘတ်မှာထားပြီး ခေါင်းငုံရပါမယ်။ မျက်ခုံးနှစ်ခုကြားဟာ လက်အုပ်ချီထားတဲ့ လက်မကို သွားထိရမှာ ဖြစ်ပါတယ်။
အဘိုး၊ အဘွား၊ဆရာသမားနဲ့ အသက်အရွယ်ကြီးသူတွေကို အရိုအသေပေးတဲ့အခါမှာတော့ လက်အုပ်ချီတဲ့ပုံစံက အနည်းငယ်ကွဲပြားပါတယ်။ ဒီတစ်ခါမှာတော့ လက်မဟာ နှာခေါင်းထိပ်နဲ့ထိရမှာ ဖြစ်ပါတယ်။
သူငယ်ချင်းမိတ်ဆွေ ၊ အပေါင်းအသင်းတွေနဲ့ သက်တူရွယ်တူတွေကို နှုတ်ဆက်တဲ့အခါမှာတော့ လက်မဟာ မေးဖျားနဲ့ထိရမှာ ဖြစ်ပါတယ်။
ဒါကြောင့် အပေါင်းအသင်းတွေနဲ့ သက်တူရွယ်တူ လုပ်ငန်းတူမိတ်ဆွေကို နှုတ်ဆက်မယ်ဆိုရင် ဆဝါဒီခလို့ ပြောပြီး လက်အုပ်ချီတဲ့အခါ လက်မနဲ့ မေးဖျားနဲ့ ထိပြီး နှုတ်ဆက်ရမှာဖြစ်ပါတယ်။ ဒါဟာ ယဉ်ကျေးသိမ်မွေ့မှုနဲ့ လေးစားသမှုကို အလေးထားသူတစ်ယောက်ဖြစ်ကြောင်းပိုမိုပေါ်လွင်စေပါတယ်။