၁။ လမ်းမပေါ် ကို ကွမ်းတံတွေး မထွေးရပါဘူး။ လမ်းမပေါ်တင်မဟုတ်ပါဘူး။ မော်တော်ကား ကြမ်းပြင်ပေါ်၊ ရထားကြမ်းပြင်ပေါ်တွေကို ပလုတ်ကျင်းချတာ ၊ နှပ်ချေးညှစ်ချတာ၊ ကွမ်းတံတွေးထွေးချတာတွေ မလုပ်ရပါဘူး။
၂။ အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေ၊ တားမြစ်ထားတဲ့နေရာတွေမှာ ရေချိုးတာ၊ ရေသုံးသန့်ရှင်းဆေးကြောတာတွေမလုပ်ရပါဘူး။
၃။ လမ်းဘေးက အုတ်နံရံတွေ၊ သစ်ပင်တွေ၊ အများပြည်သူနဲ့
ဆိုင်တဲ့နေရာတွေ၊ အဆောက်အအုံ နံရံတွေမှာ ဟိုခြစ်၊ဒီခြစ်၊ ဟိုရေး၊ဒီရေးတွေ လုပ်လို့မရပါဘူး။
၄။အများဆိုင်နေရာတွေ၊ ပန်းခြံလိုနေရာတွေမှာ အညစ်အကြေးစွန့်တာ၊ အပေါ့စွန့်တာတွေ လုပ်လို့မရပါဘူး။
၅။ တိုက်ခန်းပေါ်ကနေ အောက်ဘက်ကို အမှိုက်လှမ်းပစ်တာ၊ တံတွေးလှမ်းထွေးတာ၊ ရေသွန်တာတွေလည်း လုပ်လို့မရပါဘူး။
၆။ အမှိုက်ပစ်ဖို့ သတ်မှတ်ထားတဲ့ နေရာမှာပဲ အမှိုက်ပစ်ရပါမယ်။ အမှိုက်ပုံးအပြင်ဘက်မှာ ညစ်ပတ်ပွကြဲနေအောင် မပစ်ရပါဘူး။
၇။ လမ်းမပေါ်အမှိုက်မပြစ်ရပါဘူး။ မြောင်းထဲကိုလည်း အမှိုက်နဲ့ အညစ်အကြေးတွေ မပစ်ရပါဘူး။ စွန့်ပစ်ဖို့ သတ်မှတ်ထားတဲ့နေရာမှာ စနစ်တကျစွန့်ပစ်ရပါမယ်။
၈။ အများပြည်သူနဲ့ဆိုင်တဲ့ ခြံစည်းရိုးပင်တွေ၊ ပန်းပင်တွေနဲ့ အပင်တွေကို ပျက်စီးစေတဲ့ အပြုအမူတွေ မလုပ်ရပါဘူး။
၉။ လမ်းမလို အများပြည်သူဆိုင်နေရာတွေမှာ ဘယ်အားကစားမှ မလုပ်ရပါဘူး။