ထိုင်းမှာ အီးစီးကရက်သောက်တာ၊ ဗေ့ဖ်သောက်တာဟာ ဥပဒေနဲ့ ငြိစွန်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ တရားမဝင်ပါဘူး။ သောက်ရုံတင်မကဘဲ ဆက်စပ်ပစ္စည်းလက်ဝယ်တွေ့ရှိရင်လည်း ဒဏ်ကြေးကနေ ထောင်ဒဏ်ထိ ဥပဒေသတ်မှတ်ထားပါတယ်။
ကျန်းမာရေးနဲ့ တခြားအကြောင်းရင်းတွေကြောင့် ဒီတားမြစ်မှုကို ၂၀၁၄ ခုနစ်ကတည်းက ထိုင်းနိုင်ငံမှာ စတင်ခဲ့တာပါ။ ထိုင်းနိုင်ငံသားတွေတင်မကဘဲ ထိုင်းနိုင်ငံမှာ လာရောက်နေထိုင်သူ နိုင်ငံခြားသားတွေကိုပါ ဒီဥပဒေက သက်ရောက်ပါတယ်။
ထိုင်းနိုင်ငံ စားသုံးသူကာကွယ်ရေးအက်ဥပဒေအရ အီးစီးကရက်ရောင်းချသူဟာလည်း ထောင်ဒဏ်သုံးနှစ် သို့မဟုတ် ဒဏ်ကြေးငွေ အမြင့်ဆုံး ဘတ်ခြောက်သိန်းထိ ဆောင်ရနိုင်ခြေရှိပါတယ်။ ထောင်ဒဏ်နဲ့ ငွေဒဏ်နှစ်ရပ်စလုံးကိုပါ ကျခံရနိုင်ခြေလည်းရှိပါတယ်။
ဝယ်ယူသူကတော့ ထောင်ဒဏ် ငါးနှစ်ထိနဲ့ ဝယ်ယူပစ္စည်းရဲ့ တန်းဖိုးလေးဆကိုလည်း ဒဏ်ကြေးပေးဆောင်ရနိုင်ပါတယ်။
https://www.bangkokpost.com/thailand/general/2986766/9-000-online-links-to-vape-products-blocked
https://thaiembassy.se/en/ban-on-electronic-cigarettes-in-thailand/