ဗေ့ဖ်(Vape)သောက်ခြင်း၊ အီးစီးကရက်သောက်ခြင်းကို ထိုင်းနိုင်ငံမှာ တားမြစ်ထားပါတယ်။ ဝယ်ယူရောင်းချမှုတွေပြုလုပ်ရင် ထောင်ဒဏ်၊ ငွေဒဏ်တွေ ချမှတ်ခံရမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံထဲ အီးစီးကရက်နဲ့ ဆက်စပ်ပစ္စည်းတွေကို လက်ကားတင်သွင်းသူတစ်ယောက်ဟာ အနည်းဆုံးထောင်ဒဏ် ဆယ်နှစ်ကျခံရနိုင်ခြေရှိပြီး တင်သွင်းပစ္စည်းတန်ဖိုးရဲ့ ငါးဆကိုလည်း ဒဏ်ကြေးဆောင်ရနိုင်ပါတယ်။
ဘန်ကောက်ပို့စ် သတင်းဌာနရဲ့ ၂၀၂၅ မတ်ချ်လတွင်း ဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်အရ ထိုင်းအစိုးရဟာ အွန်လိုင်းကနေ အီးစီးကရက်မှောင်ခိုရောင်းချမှုတွေကို နှိမ်နင်းပိတ်ပင်ခဲ့ပါတယ်။ ဒီထဲမှာ အွန်လိုင်းချန်နယ်တွေ၊ ပေ့ချ်တွေနဲ့ အကောင့်တွေပါ ပါဝင်ပါတယ်။ ၂၀၂၄ မတ်လ ကနေ ၂၀၂၅ မတ်လ တစ်နှစ်ထဲမှာတင် တရားမဝင် အီးစီးကရက်နဲ့ ပတ်သက်တဲ့အွန်လိုင်းလင့်ပေါင်း ၉၅၀၀ ကို ပိတ်ပင်ခဲ့ပါတယ်။ ဒီထဲမှာ Facebook, TikTok,Instagram ,X အကောင့်တွေနဲ့ ဝဘ်ဆိုက်တွေ ပါဝင်ပါတယ်။
ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်ကတည်းက ဗေ့စ် ရောင်းဝယ်သုံးစွဲခြင်းကို ဥပဒေအရ တားမြစ်ထားပါတယ်။
Ref: Bangkok Post
https://www.bangkokpost.com/thailand/general/2986766/9-000-online-links-to-vape-products-blocked