ထိုင်းမှာ ဆိုင်ကယ်စီးတဲ့ပုံစံက မြန်မာနိုင်ငံနဲ့ ကွဲပြားတာတွေရှိပါတယ်။ ဆိုင်ကယ်စီးပြီး အပြင်မထွက်ခင် သူ့နိုင်ငံ၊သူ့ယဉ်ကျေးမှုနဲ့ သူ့စည်းကမ်းလေးတွေကို သိထားသင့်ပါတယ်။
ယဉ်ကျေးမှု
လမ်းဖြတ်ကူးသူရှိရင် ရပ်ပေးရပါမယ်။ ဒါက ယဉ်ကျေးတဲ့အပြုအမူလည်း ဖြစ်ပြီး ထိုင်းလူမျိုးတွေလည်း လိုက်နာကြပါတယ်။ လူကူးမျဉ်းကြားမှာ ကူးတဲ့သူရှိတဲ့အခါမှာလည်း မဖြစ်မနေ ရပ်ပေးရမှာပါ။ ဒီလိုရပ်ပေးတာမျိုး မလုပ်ရင် ဥပဒေအရ ဘတ် ၄၀၀၀ လောက်ထိ ဒဏ်တပ်နိုင်ပါတယ်။
မြန်နှုန်း
အမြန်နှုန်းကိုလည်း ဂရုစိုက်ပါ။ ထိုင်းမှာ တစ်နာရီကီလိုမီတာ ဘယ်လောက်ဆိုပြီး km/hr နဲ့ သတ်မှတ်လေ့ရှိကြပါတယ်။ လမ်းဘေးဘက်မှာ ဒီလိုသတ်မှတ်ထားတဲ့ ဆိုင်းဘုတ်တွေကို တွေ့နိုင်ပါတယ်။
မြို့တွင်းဆို တစ်နာရီ ၄၀ ကနေ ၆၀ လောက်ထိ သတ်မှတ်ထားလေ့ရှိပါတယ်။ အဝေးပြေးလမ်းမကြီးတွေမှာတော့ ၈၀ ကနေ ၁၂၀ လောက်ထိ ရှိတတ်ပါတယ်။ စည်းကမ်းဖောက်ဖျက်ရင်တော့ ဘတ် ၄၀၀၀ လောက်ထိ ဒဏ်ရိုက်ခံရနိုင်ပါတယ်။
ဦးထုပ်
ဆိုင်ကယ်ဦးထုပ်ကို မဖြစ်မနေ ဆောင်းရပါမယ်။မဆောင်းရင်တော့ ဒဏ်ငွေက ဘတ် ၂၀၀၀ ပါ။ ကိုယ့်အသက်အန္တရာယ်အတွက်လည်း တအားအရေးကြီးပါတယ်။
ဘယ်မောင်း
ထိုင်းက မြန်မာနိုင်ငံမှာလိုမဟုတ်ဘဲ ဘယ်မောင်းစနစ်ကျင့်သုံးပါတယ်။ အထူးသတိပြုဖို့ လိုပါတယ်။
ထိုင်းနိုင်ငံက မော်တော်ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ ဒဏ်ကြေးအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ဦးထုပ်မပါ – ဘတ် ၂၀၀၀ ထိ
မြန်နှုန်းကျော် – ဘတ် ၄၀၀၀ ထိ
လိုင်စင်မပါ – ဘတ် ၂၀၀၀ ထိ
အာမခံမပါ – ဘတ် ၅၀၀
အခွန် မပါ – ဘတ် ၅၀၀
မီးနစ်ဖြတ် – ဘတ် ၄၀၀၀ ထိ
လူသွားလမ်းပေါ်မောင်း – ဘတ် ၂၀၀၀
လမ်းပြောင်းပြန် – ဘတ် ၂၀၀၀
မူးပြီးမောင်း – ဘတ် ၂၀၀၀၀ – ထောင်ဒဏ်ထိ
မဆင်မခြင်မောင်း – ဘတ် ၂၀၀၀၀ – ထောင်ဒဏ်ထိ
https://www.royalthaipolice.go.th/laws.php
https://www.motorist.co.th/en/article/2384/know-it-to-avoid-fines-new-traffic-law-fines-effective-from-september-5-2023