ထိုင်းနိုင်ငံမှာ ကလေးမီးဖွားတဲ့အခါ မွေးစာရင်းမှတ်ပုံတင်တာကို ပြုလုပ်ရပါမယ်။ ကိုယ်မီးဖွားတဲ့ဆေးရုံကနေ မွေးစာရင်းထုတ်ပေးပါတယ်။ ဒီမွေးစာရင်းနဲ့အတူ မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ မွေးတဲ့ ကလေးမှ မဟုတ်ဘဲ ကိုယ့်အုပ်ထိန်းမှုမှာရှိတဲ့ ကလေးအားလုံးကို မှတ်တမ်းတင်မှု ပြုလုပ်ထားရမှာလည်း ဖြစ်ပါတယ်။ ကလေးမွေးဖွားကြောင်းကို ကလေးမီးဖွားပြီး ၁၅ ရက်အတွင်း မိဘကိုယ်တိုင် (သို့) အုပ်ထိန်းသူက အကြောင်းကြားမှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။
အထက်ပါ အချက်အလက်ဟာ IOM(International Organization for Migration )ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားများလမ်းညွှန်လက်စွဲစာအုပ်ကို အခြေခံရေးသားထားတာ ဖြစ်ပါတယ်။
Ref: IOM/ ရွှေ့ပြောင်းအလုပ်သမားလမ်းညွှန်လက်စွဲစာအုပ်