လက်ရှိ ထိုင်းဝန်ကြီးချုပ်ဟာ ပေထုန်တန်ရှင်နာဝပ်ဖြစ်ပြီး ထိုင်းနိုင်ငံသမိုင်းမှာ အသက်ငယ်ဆုံးဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်ဖွား ဝန်ကြီးချုပ်ပေထုန်တန်ရှင်နာဝပ်ဟာ ထိုင်းနိုင်ငံရေးမှာ ဩဇာကြီးတဲ့ ရှင်နာဝပ်မိသားစုကလာတာ ဖြစ်ပါတယ်။
အဖေဖြစ်သူ ဘီလျံနာသူဌေးကြီးသက်ဆင်ရှင်နာဝပ်ဟာ ထိုင်းနိုင်ငံရဲ့ ၂၃ ယောက်မြောက် ဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး အဒေါ်ဖြစ်သူ ယင်လပ်ရှင်နာဝပ်ဟာလည်း ထိုင်းနိုင်ငံရဲ့ ၂၈ ယောက်မြောက် ဝန်ကြီးချုပ်ဖြစ်ခဲ့ပါတယ်။
ဝန်ကြီးချုပ်ပေထုန်တန် ရှင်နာဝပ်ဟာ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ် ချူလာလောင်းကွန်းတက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့ပြီး ဖြူထိုင်းပါတီရဲ့ ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ အိမ်ထောင်ရှင်တစ်ဦးလည်းဖြစ်တဲ့ ဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ဟာ ခင်ပွန်းဖြစ်သူ လုပ်ငန်းရှင်သူဌေးကြီး ပီတိုဆူဆဝပ်နဲ့ သမီးတစ်ယောက်၊သားတစ်ယောက်ထွန်းကားပါတယ်။