လာမယ့် ဆုန်ခရမ်ကာလမှာ ထိုင်းနိုင်ငံတွင်း မုန်တိုင်းရှိနိုင်တယ်လို့ သိရပါတယ်။ ထိုင်းမိုးလေဝသ ဌာနရဲ့ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံအထက်ပိုင်းဒေသတွေမှာ အပူပိုင်းမုန်တိုင်းကြောင့် မိုးကြိုးများနဲ့ လေကြီးမိုးကြီးများ ကျရောက်နိုင်တာ ဖြစ်ပါတယ်။ မုန်တိုင်းဟာ ဧပြီ ၁၂ ကနေ ၁၄ ရက်နေ့အတွင်း ကျရောက်နိုင်တာဖြစ်တယ်လို့ လည်း သိရပါတယ်။
ထိုင်းနိုင်ငံအထက်ပိုင်းဒေသနေထိုင်သူတွေကို အဆိုပါဆုန်ခရမ်ကာလအတွင်း မုန်တိုင်းကို သတိပြုဖို့လည်း ထိုင်းမိုးလေဝသဌာနက တိုက်တွန်းထားပါတယ်။
ဧပြီ ၁၁ ရက်နေ့ထိ လေဖိအားနည်း အခြေအနေကြောင့် နိုင်ငံရဲ့ အထက်ပိုင်းဒေတွေမှာ ပူပြင်းစိုထိုင်းမှု ရှိနေပြီး မုတ်သုတ်အနောက်တောင်လေကြောင့် တချို့နေရာတွေမှာ မိုးကြိုးများကျရောက်နိုင်တယ်လို့လည်း သိရပါတယ်။