အသက်မပြည့်သေးသူ ၂ ဦး ပါဝင်
နယ်ခြားစောင့်တပ်ဖွဲ့က မဲဆောက်မြို့နယ်၊ မဲ့ကူမိုင်သာဆွန်း ကျေးရွာတစ်ဝိုက်မှာ ကင်းလှည့်စစ်ဆေးနေစဉ် သံသယဖြစ်ဖွယ်လူအုပ်စုတစ်စု လမ်းလျှောက်နေတာ ကို တွေ့ရှိခဲ့ပြီး စစ်ဆေးခဲ့ရာ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၇ ဦး ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိသူတွေထဲမှာ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၁ ဦး ပါဝင်ပြီး အားလုံးဟာ နိုင်ငံကူးလက်မှတ် ဒါမှမဟုတ် တရားဝင် ဝင်ရောက်ခွင့် အထောက်အထား စာရွက်စာတမ်းတွေ လုံးဝမပါရှိပါဘူး။ အဲဒီအဖွဲ့ထဲမှာ အသက် ၄၁ နှစ်အရွယ် လမ်းပြတစ်ဦး အပြင် အသက် ၁၆ နှစ်နဲ့ ၁၄ နှစ်အရွယ် ကလေးငယ် ၂ ဦး လည်း ပါဝင်တယ်လို့ သိရပါတယ်။
လုပ်သားတွေအနေနဲ့ မြန်မာနိုင်ငံဘက်ကနေ အလုပ်ရှာဖို့အတွက် မဲဆောက်မြို့နယ်၊ ဘန်ဖာလတ် ဒေသကို သွားဖို့ ရည်ရွယ်ထားတယ်လို့ ထွက်ဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ တာဝန်ရှိသူတွေက ဖမ်းဆီးရမိသူ အားလုံးကို လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ဆက်လက်ဆောင်ရွက်နိုင်ဖို့ မဲဆောက်ရဲစခန်းကို လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းသတင်းသိရပါတယ်။