Compare the Market က ၂၀၂၅ ခုနှစ်အတွက် စစ်တမ်းတစ်ခု ထုတ်ပြန်ခဲ့ရာမှာ ဘန်ကောက်မြို့ ဟာ ကမ္ဘာပေါ်မှာ ခရီးသွားတွေ ခါးပိုက်နှိုက်ခံရတာနဲ့ အလိမ်ခံရတာ အများဆုံးမြို့ အဖြစ် သတ်မှတ်ခံရပါတယ်။ ဒီအချက်အလက်ကို TripAdvisor နဲ့ Numbeo တို့က ကမ္ဘာတစ်ဝန်းရှိ မြို့ပေါင်း ၅၀ ကျော်က ခရီးသွား သုံးသပ်ချက်တွေကို စိစစ်ပြီး အဆင့်သတ်မှတ်ခဲ့တာပါ။
ဘန်ကောက်မြို့က ကမ္ဘာပေါ်မှာ ခရီးသွားတွေအတွက် အန္တရာယ်အရှိဆုံးမြို့အဖြစ် နံပါတ် ၁ နေရာကို ရရှိခဲ့ပါတယ်။ အဲ့ဒါအပြင် ထိပ်ဆုံး ၁၀ နေရာ စာရင်းမှာ ထိုင်းနိုင်ငံကမြို့တွေဖြစ်တဲ့ ဘန်ကောက်အပြင် ပတ္တယား (အဆင့် ၈) နဲ့ ဖူးခက် (အဆင့် ၉) တို့လည်း ပါဝင်နေပါတယ်။ ကျန်တဲ့ ထိပ်ဆုံး ၁၀ နေရာက မြို့တွေကတော့ ဘာစီလိုနာ၊ ပါရီ၊ ရောမ၊ ဟနွိုင်း၊ အစ္စတန်ဘူလ်၊ မာရာကက်ရှ် နဲ့ လန်ဒန် တို့ ဖြစ်ကြပါတယ်။
ဘန်ကောက်ဟာ အဓိကအားဖြင့် ခရီးသွားတွေကို လှည့်စားတဲ့ ကိစ္စတွေ များလွန်းလို့ နံပါတ် ၁ နေရာ ရခဲ့တာပါ။ အများဆုံး ဖြစ်တတ်တာတွေကတော့ တက္ကစီခ ဈေးနှုန်း အဆမတန် တောင်းတာ၊ ကုန်ပစ္စည်း ဈေးကြီးပေးရတာ နဲ့ လူစည်ကားတဲ့ နေရာတွေမှာ ခါးပိုက်နှိုက်ခံရတာ တွေ ဖြစ်ပါတယ်။ အဖြစ်များတဲ့နေရာတွေကတော့ ခေါက်စန်လမ်း၊ ချက်တူချက်စျေးနဲ့ ညဘက်ခရီးသွားဇုန်တွေ ဖြစ်ပါတယ်။
ခရီးသွား ကျွမ်းကျင်သူတွေကတော့ ခရီးသွားတွေအနေနဲ့ ပိုက်ဆံအိတ်၊ ဖုန်း၊ နိုင်ငံကူးလက်မှတ်တွေလို အဖိုးတန်ပစ္စည်းတွေကို အထူးဂရုစိုက်ဖို့ ၊ ငွေသား အမြောက်အမြားဆောင်တာကို ရှောင်ဖို့ နဲ့ စစ်ဆေးမှုမရှိဘဲ သူစိမ်းတွေဆီက ကမ်းလှမ်းမှုတွေကို လက်ခံတာတွေ ရှောင်ကြဉ်ဖို့ အကြံပြုထားပါတယ်။
သတင်း – Thainews