စက်တင်ဘာ ၂၃ ရက်နေ့က ချင်းမိုင်မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားချက်နဲ့ လောင်းကစားဆိုင် နှိမ်နင်းရေးအဖွဲ့ဟာ ချင်းမိုင်တက္ကသိုလ်ရှေ့က အရုပ်ကောက်ဆိုင်ကို ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။
အဲဒီဆိုင်ဟာ လောင်းကစားဥပဒေနဲ့ငြိစွန်းတယ်လို့ သတင်းရရှိတာကြောင့် စစ်ဆေးခဲ့တာဖြစ်ပြီး ဆိုင်ထဲမှာ အရုပ်ကောက်စက် ၂၆ လုံး၊ ငွေလဲစက် ၁ လုံးနဲ့ အရုပ်လှည့်စက် ၂ လုံးကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။အာဏာပိုင်တွေက ဆိုင်ပိုင်ရှင်ကို ကစားနည်းသရုပ်ပြခိုင်းတဲ့အခါ ဒင်္ဂါးထည့်ပြီး အရုပ်ကောက်ဖို့ကြိုးစားပေမဲ့ မအောင်မြင်ခဲ့သလို ငွေလည်း ပြန်အမ်းပေးတာမျိုး မရှိခဲ့ပါဘူး။
ဒီလိုကစားနည်းဟာ ကစားသူနဲ့ ဆိုင်ပိုင်ရှင်ကြားမှာ အရှုံးအနိုင်ဖြစ်စေတာကြောင့် လောင်းကစားဥပဒေမှာ ပါတဲ့ အပိုဒ် ခ အမှတ် ၂၈ နဲ့ ကိုက်ညီနေပါတယ်။ ဒီပုဒ်မအရ လျှပ်စစ်စက်တွေသုံးပြီး အရှုံးအနိုင်ရှိနိုင်တဲ့ ကစားနည်းတွေကို ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်တာဟာ ဥပဒေနဲ့ငြိစွန်းပါတယ်။
ဒါကြောင့် ဆိုင်ပိုင်ရှင်ကို လောင်းကစားနည်းကို ခွင့်ပြုချက်မရှိဘဲပြုလုပ်မှုနဲ့ တရားစွဲဆိုခဲ့ပြီး သက်သေခံပစ္စည်းအဖြစ် စက်ပစ္စည်း ၂၉ လုံးလုံးကို သိမ်းဆည်းကာ နောက်ဆက်တွဲအရေးယူနိုင်ဖို့ ချန်ဖွေ့ရဲစခန်းကို ပို့ဆောင်ခဲ့ကြောင်း Chiangmai သတင်းအရ သိရပါတယ်။