နခွန်ဆ၀မ်ပြည်နယ်၊ အဝေးပြေးလမ်းမပေါ်မှာ တရားမဝင် မြန်မာအလုပ်သမား ၃၀ ဦးကျော်ကို တင်ဆောင်လာတဲ့ ကား ၃ စီးကို အဝေးပြေး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ဟာ လျှို့ဝှက်သတင်းရရှိပြီးနောက် ချင်းမိုင်ကနေ ပြည်တွင်းမြို့ကြီးတွေဆီကို ဦးတည်လာတဲ့ သံသယဖြစ်ဖွယ် ကား ၃ စီးကို နခွန်ဆ၀မ်ပြည်နယ်၊ နောင်ဘူမြို့နယ်၊ အာရှလမ်းမကြီးပေါ်မှာ စောင့်ဆိုင်းစစ်ဆေးခဲ့တာပါ။ အချိန်အတန်ကြာ စောင့်ဆိုင်းပြီးနောက် ရဲတပ်ဖွဲ့ရဲ့ ခန့်မှန်းချက်အတိုင်း သံသယဖြစ်ဖွယ် ကားတွေ ရောက်ရှိလာခဲ့ပါတယ်။
ကားတွေကို ရပ်တန့်စစ်ဆေးတဲ့အခါမှာတော့ ကားပေါ်မှာ ခရီးသွားလာခွင့်ဆိုင်ရာ စာရွက်စာတမ်းမရှိတဲ့ မြန်မာအလုပ်သမား ၃၀ ဦး ကို တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် သူတို့ကို ပို့ဆောင်ပေးတဲ့ ယာဉ်မောင်းနဲ့ လမ်းပြ ၄ ဦး ကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးရမိသူ အားလုံးကို တရားဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့ သက်ဆိုင်ရာဌာနကို လွှဲပြောင်းပေးခဲ့ပြီးဖြစ်တယ်လို့ highway police သတင်းအရ သိရပါတယ်။