ဖူးခက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ မြန်မာနိုင်ငံသား အလုပ်သမားတစ်ဦးဖြစ်သူ အသက် ၅၃ နှစ်အရွယ် ကိုသက်ဝင်းဟာ ကွန်ကရစ်တင်စက်နဲ့ ခေါင်း ရိုက်မိပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂ ရက်၊ မနက် ၁၁:၃၀ လောက်က ဖူးခက်မြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ SuperCheap ဆိုင်ခွဲအနီးက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ကိုသက်ဝင်း အလုပ်လုပ်နေစဉ် ကွန်ကရစ်တင်စက်နဲ့ ဦးခေါင်းကို အရှိန်နဲ့ ရိုက်မိတာကြောင့် ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လုပ်ဖော်ကိုင်ဖက်တွေက ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ပေးခဲ့ကြပေမဲ့ ဆေးရုံရောက်ပြီး မကြာခင်မှာပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဖူးခက်မြို့ရဲစခန်းမှ စုံစမ်းရေး ဒုရဲမှူးကြီးက အခင်းဖြစ်ပွားပုံကို အတည်ပြုပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ သေဆုံးသူရဲ့ အလောင်းကို စစ်ဆေးဖို့အတွက် ဆရာဝန်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားခဲ့တဲ့နေရာကို လုံခြုံရေးယူထားပြီး လုပ်ငန်းခွင်သုံး စက်ပစ္စည်းတွေကို စစ်ဆေးဖို့နဲ့ ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း မေးမြန်းစုံစမ်းနေတယ်လို့ သိရပါတယ်။
ဖူးခက်မြို့ ရဲမှူးကြီးက ဒီဖြစ်ရပ်အကြောင်း သိရှိထားပြီး အလုပ်ခွင် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စည်းမျဉ်းတွေကို လျစ်လျူရှုမှု ရှိ၊ မရှိကို ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောကြားခဲ့ကြောင်း Thaiger သတင်းအရ သိရပါတယ်။