“ကာဂျီကီ” မုန်တိုင်းဒဏ်ကို ရင်ဆိုင်ဖို့ ရဲတပ်ဖွဲ့ဝင်တွေအားလုံးကို အသင့်ပြင်ဆင်ထားဖို့ ရဲချုပ်ကြီး ကစ်တိရတ် ပန်ဖစ်ချ်က အရေးပေါ် ညွှန်ကြားလိုက်ပါတယ်။ ဒီညွှန်ကြားချက်ဟာ အရှေ့မြောက်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ အနောက်ပိုင်း ကမ်းရိုးတန်း ဒေသတွေမှာ ဝင်ရောက်လာနိုင်တဲ့ မုန်တိုင်းကြောင့် ဖြစ်ပေါ်လာမယ့် သက်ရောက်မှုတွေကို ကြိုတင်ပြင်ဆင်ဖို့ ရည်ရွယ်ပါတယ်။
အင်အားနဲ့ပစ္စည်းတွေ အသင့်ပြင်ထားရန်
ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်များ၊ လှေများ၊ စက်ကိရိယာများနဲ့ အခြားသော အကူအညီပေးရေးပစ္စည်းများကို အချိန်မရွေး အသုံးပြုနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ပြီး စစ်ဆေးထားရမည်။
ကွင်းဆင်းပြီး ကူညီပေးရန်
ရဲတပ်ဖွဲ့ဝင် စေတနာ့ဝန်ထမ်းများအနေဖြင့် ရေဘေးသင့် ပြည်သူများကို ကူညီကယ်ဆယ်ရန်၊ အမိုးအကာမဲ့သူများ အတွက် ယာယီခိုလှုံရာနေရာများ စီစဉ်ပေးရန်အတွက် ကွင်းဆင်းဆောင်ရွက်ရမည်။
ပြည်သူ့အကျိုးကို ဦးစားပေးရန်
မုန်တိုင်းအခြေအနေကို အခွင့်ကောင်းယူပြီး ရာဇဝတ်မှုများ မဖြစ်ပွားစေရန်အတွက် ရပ်ကွက်ကျေးရွာများတွင် ကင်းလှည့်စစ်ဆေးခြင်းနဲ့ လုံခြုံရေးတာဝန်များကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ရမည်။
အဆောက်အအုံတွေကို ပြန်လည်ပြင်ဆင်ရန်
ရဲစခန်းများ၊ ရဲဝန်ထမ်းအိမ်ရာများနဲ့ အခြားဌာနပိုင် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများကို စစ်ဆေးပြီး အခြေအနေတည်ငြိမ်သွားပါက ပြန်လည်ပြုပြင် ထူထောင်ရန်အတွက် လုပ်ငန်းအစီအစဉ်များ ချမှတ် ဆောင်ရွက်ရမည်။
ဒါ့အပြင် အခြေအနေတွေ တည်ငြိမ်သွားတဲ့အထိ သတင်းအချက်အလက်တွေကို အဆက်မပြတ် တင်ပြပေးရန်လည်း ရဲချုပ်က ညွှန်ကြားထားပါတယ်။