ချင်းမိုင်မြို့မှာ မူလအလုပ်ကနေ ထွက်ပြီး အလုပ်ရှင်အသစ်ဆီအလုပ်ပြောင်းလုပ်တာကို အသိမပေးတာကြောင့် မြန်မာနိုင်ငံသား ၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
သြဂုတ်လ ၂၁ ရက်နေ့မှာ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ က မူဟီဒွန်လမ်းပေါ်က လုပ်ငန်းတစ်ခုမှာ နိုင်ငံခြားသားတွေ တရားမဝင်အလုပ်လုပ်နေတယ်ဆိုတဲ့ သတင်းရလို့ သွားရောက်စစ်ဆေးခဲ့တာပါ။ အဲဒီမှာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ရှိပေမယ့် အလုပ်ရှင်အသစ်နဲ့ အလုပ်လုပ်ကိုင်ဖို့ ခွင့်ပြုချက် ထပ်မံမလျှောက်ထားဘဲ အလုပ်လုပ်နေတဲ့ မြန်မာ ၂ ဦးကို တွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ဆေးမေးမြန်းချက်အရ အဆိုပါ အလုပ်သမားနှစ်ဦးဟာ အရင်အလုပ်က နုတ်ထွက်ခဲ့ပြီးနောက် ဒီအလုပ်မှာ လုပ်နေတာ တစ်လခန့် ကြာမြင့်ပြီလို့ သိရပါတယ်။ လုပ်အားခအနေနဲ့ တစ်ရက် ဘတ် ၃၀၀ ရရှိကြပါတယ်။ ဒါကြောင့် အလုပ်ပြောင်းလဲ လုပ်ကိုင်တာ အကြောင်းမကြာမှုနဲ့ အရေးယူဖို့ သက်ဆိုင်ရာ ရဲစခန်းကို လွှဲပြောင်းခံခဲ့ရတယ်လို့ chiangmai immigration သတင်းအရသိရပါတယ်။