Close Menu

    Subscribe to Updates

    Get the latest creative news from FooBar about art, design and business.

    What's Hot

    မြန်မာယာဉ်မောင်းအပါအဝင် မြန်မာ ၇ ဦး ချွန်ပူရီမှာ ဖမ်းဆီးခံရပြန်

    ဘဏ်အကောင့်များ ပိတ်ခံရသည့် ပြဿနာကြောင့် စကန်နှင့် ငွေပေးချေခြင်းကို စားသောက်ဆိုင်နှင့် ဈေးသည်များ စိုးရိမ် 

    ကန်ချနပူရီမှာ ၂ နှစ်အရွယ်ကလေးအပါအဝင် မြန်မာနိုင်ငံသား ၅၃ ဦး ဖမ်းဆီးခံရ

    Facebook X (Twitter) Instagram
    • Demos
    • Lifestyle
    • Culture Connect
    • Buy Now
    Facebook X (Twitter) Instagram Pinterest Vimeo
    Beacon Myanmar
    • Home
    • News
      • အလုပ်သမားရေးရာ
      • ဥပဒေရေးရာ
      • ဗီဇာ
      • Update News
    • Lifestyle
      • Health
      • Travel
      • အလုပ်အကိုင် အခွင့်အလမ်း
      • အားကစား
      • Food
    • Culture Connect
      • Lauguage
      • Culture Connect
    • Podcast
    • Watch
    Beacon Myanmar
    You are at:Home»News»ဥပဒေရေးရာ»အလုပ်ရှင်လည်း ဥပဒေလိုက်နာဖို့ တာဝန်ရှိတယ်
    ဥပဒေရေးရာ

    အလုပ်ရှင်လည်း ဥပဒေလိုက်နာဖို့ တာဝန်ရှိတယ်

    By IngjinJuly 14, 2025No Comments1 Min Read0 Views
    Facebook Twitter Pinterest Telegram LinkedIn Tumblr Email Reddit
    Share
    Facebook Twitter LinkedIn Pinterest WhatsApp Email

    ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အခြေအနေအမျိုးမျိုးနဲ့ အခွင့်အရေး ချိုးဖောက်ခံရတာမျိုးတွေ ရှိနိုင်ပါတယ်။ ဥပမာ- လုပ်ခလစာ အပြည့်မရတာ၊ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်မှာ လုပ်ရတာ၊ အဓမ္မခိုင်းစေခံရတာ ဒါမှမဟုတ် ခွဲခြားဆက်ဆံခံရတာ မျိုးတွေပါ။ 

    ဒီလို အခွင့်အရေးတွေ ချိုးဖောက်ခံနေရပြီလို့ ခံစားရရင် အကူအညီရယူဖို့ အတွက် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ 

    ချိုးဖောက်ခံရရင်ဘာလုပ်ရမလဲ 

    သက်သေစုဆောင်းပါ

    • အလုပ်ခန့်စာချုပ်များ၊ အလုပ်ပါမစ်များ၊ လုပ်ခလစာစာရွက်တွေ နဲ့ ဓာတ်ပုံ အစရှိတဲ့ အရေးကြီးတဲ့  စာရွက်စာတမ်းတွေကို မိတ္တူကူးပြီး သိမ်းထားပါ။

    ချိုးဖောက်မှုများကို တိုင်ကြားပါ

    • အလုပ်သမားဝန်ကြီးဌာန ဒါမှမဟုတ် ပြည်နယ်အလုပ်သမားရုံးတွေမှာ တိုင်ကြားနိုင်ပါတယ်။ဘာသာစကားအခတ်အခဲကြောင့် ကိုယ်တိုင်သွားရောက်တိုင်ကြား ဖို့အဆင်မပြေတဲ့အခါ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ကူညီလုပ်ကိုင်ပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး အကူအညီတောင်းခံနိုင်ပါတယ်။ 

    ပြစ်ဒဏ်

    ထိုင်းနိုင်ငံမှာ အလုပ်ရှင်က အလုပ်သမားအခွင့်အရေး ချိုးဖောက်ရင် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီပြစ်ဒဏ်တွေက ချိုးဖောက်မှုအမျိုးအစားနဲ့ အတိုင်းအတာအပေါ် မူတည်ပြီး ကွဲပြားပါတယ်။

    ငွေဒဏ်

    • လုပ်ခလစာ အပြည့်မပေးတာ၊ အချိန်ပိုကြေး မပေးတာ စတဲ့ကိစ္စတွေမှာ ဘတ်ငွေ ၅,၀၀၀ ကနေ ၂၀၀,၀၀၀ အထိ ဒဏ်ငွေဆောင်ရနိုင်ပါတယ်။
    • ဘေးကင်းစိတ်ချရတဲ့ လုပ်ငန်းခွင်အခြေအနေတွေ မဖန်တီးပေးတာ ဒါမှမဟုတ် အလုပ်သမား ကာကွယ်ရေးဥပဒေကို မလိုက်နာတာတွေအတွက်လည်း ဒဏ်ကြေးတွေ ချမှတ်ခံရနိုင်ပါတယ်။

    ထောင်ဒဏ်

    တချို့ ပိုမိုပြင်းထန်တဲ့ ချိုးဖောက်မှုတွေအတွက်ဆိုရင် အလုပ်ရှင်ဟာ ထောင်ဒဏ် ပါ ကျခံရနိုင်ပါတယ်။ ဥပမာ –

    • အလုပ်သမားတွေကို မတရားထုတ်ပယ်တာ၊ဥပဒေအရ ပေးသင့်တဲ့ အကျိုးခံစားခွင့် (ဥပမာ- ခွင့်ရက်၊ မီးဖွားခွင့်၊ နုတ်ထွက်ကြေး) တွေ မပေးတာ၊အလုပ်ချိန်နဲ့ အချိန်ပိုပေးရမယ့် စည်းမျဉ်းတွေကို မလိုက်နာတာ မျိုးတွေအတွက် တစ်နှစ်အထိ ထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ်နဲ့ ထောင်ဒဏ် နှစ်ခုစလုံး ကျခံရနိုင်ပါတယ်။
    • အလုပ်သမားစစ်ဆေးရေးမှူးတွေရဲ့ အမိန့်ကို မလိုက်နာတာမျိုး ဆိုရင်လည်း တစ်နှစ်အထိ ထောင်ဒဏ် ဒါမှမဟုတ် ဘတ်ငွေ ၂၀,၀၀၀ အထိ ဒဏ်ငွေဒါမှမဟုတ် နှစ်ခုလုံး ကျခံရနိုင်ပါတယ်။

    ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံရရင် ဥပဒေအရ ကာကွယ်ပေးထားတာတွေ ရှိပါတယ်။ ဒီဥပဒေတွေက ထိုင်းနိုင်ငံသားတွေလိုပဲ ဘေးကင်းတဲ့ လုပ်ငန်းခွင်၊ တရားမျှတတဲ့ လုပ်ခလစာ နဲ့ လူမှုဖူလုံရေး အကျိုးခံစားခွင့်တွေ ရရှိဖို့ အာမခံထားပါတယ်။

    Ref : IOM / thailandlawlibrary 

    Share. Facebook Twitter Pinterest LinkedIn Reddit WhatsApp Telegram Email
    Previous Articleမြန်မာအလုပ်သမားတစ်ဦး စက်ပြင်ရင်း မတော်တဆကြောင့် ဆေးရုံပို့စဉ် သေဆုံး
    Next Article ပွဲစားကို ဘတ် ၃၀,၀၀၀ ပေးပြီးဝင်လာတဲ့ မြန်မာ ၁၂ ဦး ဖမ်းဆီးခံရ ယာဉ်မောင်း ထွက်ပြေးလွတ်မြောက် 
    Ingjin

    Related Posts

    မြန်မာယာဉ်မောင်းအပါအဝင် မြန်မာ ၇ ဦး ချွန်ပူရီမှာ ဖမ်းဆီးခံရပြန်

    September 16, 2025

    ကန်ချနပူရီမှာ ၂ နှစ်အရွယ်ကလေးအပါအဝင် မြန်မာနိုင်ငံသား ၅၃ ဦး ဖမ်းဆီးခံရ

    September 16, 2025

    အပိတ်ခံရသည့် ထိုင်းဘဏ်အကောင့်များ အပြီးပိတ်ခံရခြင်းမဟုတ်ဘဲ ယာယီစစ်ဆေးခြင်းဖြစ် 

    September 15, 2025
    Leave A Reply Cancel Reply

    Demo
    Top Posts

    လုပ်ငန်းခွင်ထဲ ထိခိုက်ဒဏ်ရာရရင် ဘယ်လို အကျိုးခံစားခွင့်ရှိလဲ

    April 12, 202510 Views

    လူသစ်တွေကို ဘတ်ဖွင့်ပေးဖို့ ထိုင်းအစိုးရ  အစည်းအဝေးလုပ်

    August 8, 20258 Views

    အသက်အန္တရာယ်မထိခိုက်ဖို့ လုပ်ငန်းခွင်မှာ ဂရုစိုက်ရမယ့်အချက်တွေ

    May 28, 20257 Views

    ရွှေ့ပြောင်းအလုပ်သမားတွေ လုပ်လို့မရတဲ့ လုပ်ငန်းတွေက ဘာတွေလဲ

    May 28, 20255 Views
    Don't Miss
    အလုပ်သမားရေးရာ September 16, 2025

    မြန်မာယာဉ်မောင်းအပါအဝင် မြန်မာ ၇ ဦး ချွန်ပူရီမှာ ဖမ်းဆီးခံရပြန်

    ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်မှာ မသင်္ကာစရာ အလုံပိတ်ဗင်ကားတစ်စီးကို ရဲတွေက ရပ်တန့်စစ်ဆေးရာမှ စာရွက်စာတမ်းမရှိတဲ့ မြန်မာလုပ်သား ၇ ဦးကို တွေရှိခဲ့ပြီး ဖမ်းဆီးခံခဲ့ရပြန်ပါတယ်။ မြန်မာလုပ်သားတွေဟာ ထိုင်းနိုင်ငံအတွင်းမှာ အလုပ်လုပ်ဖို့အတွက်…

    ဘဏ်အကောင့်များ ပိတ်ခံရသည့် ပြဿနာကြောင့် စကန်နှင့် ငွေပေးချေခြင်းကို စားသောက်ဆိုင်နှင့် ဈေးသည်များ စိုးရိမ် 

    ကန်ချနပူရီမှာ ၂ နှစ်အရွယ်ကလေးအပါအဝင် မြန်မာနိုင်ငံသား ၅၃ ဦး ဖမ်းဆီးခံရ

    အပြစ်မဲ့သူတွေရဲ့ ဘဏ်အကောင့်များကို ၄ နာရီအတွင်း ပြန်ဖွင့်ပေးတော့မည်

    Stay In Touch
    • Facebook
    • Twitter
    • Pinterest
    • Instagram
    • YouTube
    • Vimeo

    Subscribe to Updates

    Get the latest creative news from SmartMag about art & design.

    Demo
    About Us
    About Us

    Your source for the lifestyle news. This demo is crafted specifically to exhibit the use of the theme as a lifestyle site. Visit our main page for more demos.

    We're accepting new partnerships right now.

    Email Us: info@example.com
    Contact: +1-320-0123-451

    Facebook X (Twitter) Pinterest YouTube WhatsApp
    Our Picks

    မြန်မာယာဉ်မောင်းအပါအဝင် မြန်မာ ၇ ဦး ချွန်ပူရီမှာ ဖမ်းဆီးခံရပြန်

    ဘဏ်အကောင့်များ ပိတ်ခံရသည့် ပြဿနာကြောင့် စကန်နှင့် ငွေပေးချေခြင်းကို စားသောက်ဆိုင်နှင့် ဈေးသည်များ စိုးရိမ် 

    ကန်ချနပူရီမှာ ၂ နှစ်အရွယ်ကလေးအပါအဝင် မြန်မာနိုင်ငံသား ၅၃ ဦး ဖမ်းဆီးခံရ

    Most Popular

    ချင်းမိုင်ဟာ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့မှာ အဆင့် ၉ 

    April 11, 20250 Views

    ဆေးခန်းသွားမယ်ဆို သိထားသင့်တဲ့ စကားလုံးတွေ

    April 12, 20250 Views

    သိထားရင် အလုပ်ဖြစ်တဲ့ ရိုးရိုးရှင်းရှင်း ထိုင်းစကား (၈) လုံး

    April 12, 20250 Views
    © 2025 Beacon Myanmar
    • Home
    • Lifestyle
    • Culture Connect
    • Travel
    • Buy Now

    Type above and press Enter to search. Press Esc to cancel.