ကန်ချနာဘူရီ-ဆူဖန်ဘူရီ အမြန်လမ်းမပေါ်မှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာလုပ်သား ၁၀ ဦးကိုသယ်ဆောင်လာတဲ့ ပစ်ကပ်ကားတစ်စီးကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
နယ်စပ်ဘက်ကနေ တရားမဝင်အလုပ်သမားတွေကို ဝင်ရောက်လာတယ်ဆိုတဲ့ သတင်းအချက်အလက်အရ အမြန်လမ်းရဲတပ်ဖွဲ့က သံသယရှိတဲ့ ပစ်ကပ်ကားတစ်စီးကို တားဆီးစစ်ဆေးခဲ့ရာမှ ခုလို ဖမ်းဆီးမိခဲ့တာပါ။ တာဝန်ရှိသူတွေအနေနဲ့ အမြန်လမ်းပေါ်မှာ စစ်ဆေးနေစဉ် မသင်္ကာစရာ ပစ်ကပ်ကားတစ်စီးကို တွေ့ရှိခဲ့တာကြောင့် တားဆီး စစ်ဆေးခဲ့ရာ ယာဉ်မောင်းက ကားကို အရှိန်မြှင့်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။သို့ပေမယ့် ယာဉ်မောင်းအနေနဲ့ လမ်းအပိတ်ဘက်ကို မောင်းနှင်သွားခဲ့တာကြောင့် ပြန်လည်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ကားထဲသို့ စစ်ဆေးကြည့်ရာမှာ ထိုင်းစကားမပြောတတ်တဲ့အပြင် နိုင်ငံကူးလက်မှတ် အပါအဝင် အထောက်အထား စာရွက်စာတမ်းတွေလည်း မရှိတဲ့ မြန်မာအလုပ်သမား ၁၀ ဦးကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးခံရသူတွေကို လက်ယ ရဲစခန်းသို့ပို့ဆောင်ပြီး တရားဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ သိရပါတယ်။
သတင်း – highwaypolice