ဖူးခက်မှာ မကြာသေးခင်က မြန်မာမိသားစုဝင် ၇ ဦး ဆိုင်ကယ်တစ်စီးတည်း စီးနင်းခဲ့တဲ့ ဓာတ်ပုံတစ်ပုံ လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပါတယ်။ ပုံထဲမှာ မိခင်ဖြစ်သူက ကလေးငယ်နှစ်ဦးကို ပွေ့ချီထားပြီး ကလေးတွေရဲ့ ခြေထောက်တွေက လမ်းနဲ့ထိလုနီးပါး ဖြစ်နေတာနဲ့ ဘယ်သူမှ ဦးထုပ်မဆောင်းထားတာအပြင် ဆိုင်ကယ်မဝင်ရတဲ့ ဥမင်လိုဏ်ခေါင်းထဲကနေ ဖြတ်သွားခဲ့တာကြောင့် ဝေဖန်သံတွေထွက်လာခဲ့တာပါ။
ဒီမိသားစုဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး အစက ဆိုင်ကယ်နှစ်စီးနဲ့ သွားခဲ့ပေမယ့် တစ်စီးက ယာဉ်မောင်းလိုင်စင်မရှိလို့ ရဲက ဖမ်းသွားခဲ့တာကြောင့် အိမ်ပြန်ပြီး ငွေယူဖို့အတွက် ဆိုင်ကယ်တစ်စီးတည်းနဲ့ တစ်မိသားစုလုံး ပြန်လာခဲ့ကြတာဖြစ်တယ်လို့ ပြန်လည်ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
အိမ်ကို မြန်မြန်ပြန်ရောက်ဖို့ ဦးစားပေးခဲ့တယ်ဆိုပေမဲ့ ဒီလိုလုပ်ရပ်မျိုးဟာ မိမိ မိသားစုရဲ့ ဘေးကင်းရေးကိုတင်မကဘဲ လမ်းပေါ်က တခြားလူတွေအတွက်ပါ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒီအတွက် ဒီမိသားစုက လူမှုကွန်ရက်ဩဇာခံ Rut ဆိုသူကတစ်ဆင့် ဖူးခကက်ဒေသခံတွေကို ပြန်လည်တောင်းပန်ခဲ့ပြီး ကလေးတွေကိုလည်း မြန်မာပြည်ကို ပြန်ပို့ခဲ့ပြီးပြီလို့ သိရပါတယ်။
ထိုင်းနိုင်ငံအတွင်း နေထိုင်နေကြသူတွေအနေနဲ့ ဘယ်လိုအခြေအနေမျိုးမဆို ဘေးကင်းလုံခြုံရေးနဲ့ ဥပဒေဆိုတာကို လျစ်လျူရှုလို့ မရပါဘူး။ တစ်ခါတလေ အရေးကြီးတဲ့ အခြေအနေမျိုးမှာတောင် ကိုယ့်ရဲ့ဆုံးဖြတ်ချက်က ဘယ်လိုအန္တရာယ်တွေနဲ့ ဆက်စပ်နေနိုင်လဲဆိုတာကို သေချာစဉ်းစားဖို့ လိုပါတယ်။
ကိုယ်မောင်းတဲ့ယာဉ်ပေါ်က လူတွေအပေါ်မှာတင်မကဘဲ လမ်းပေါ်က တခြားသူတွေအပေါ်မှာပါ တာဝန်ရှိတယ်ဆိုတာ ဘယ်တော့မှ မမေ့ဖို့ အရေးကြီးပါတယ်။
Ref – Thaiger