၂၀၂၅ စက်တင်ဘာ ၃၀ ရက်နေ့မှာ လျှပ်စစ်ရထားအားလုံးအတွက် ခရီးစဉ် တစ်ကြိမ်စီကို ဘတ် ၂၀ ပဲပေးရမယ့် စနစ်အသစ်စတင်မယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးက ဆိုပါတယ်။အစိုးရအဖွဲ့ပြောင်းလဲမှုတွေက ဒီစီမံကိန်းကို မသက်ရောက်စေဘူးလို့လည်း ပြောထားပါတယ်။
ဘယ်အချက်တွေ လိုအပ်လဲ
- ၁၃ လုံးပါတဲ့ ထိုင်းID နံပါတ်ရှိသူ ထိုင်းနိုင်ငံသား ဖြစ်ရမယ်
- ဩဂုတ်လတွင် “Thang Rat” app မှာ မှတ်ပုံတင်ရမယ်
- မှတ်ပုံတင်ချိန်မှာ credit/debit card ကို ကိုယ့် ID နံပါတ်နဲ့ ချိတ်ဆက်ရမယ်
- ငွေပေးချေရန်အတွက် Contactless credit card သို့မဟုတ် Rabbit debit card သာလက်ခံမယ်
ယာဉ်စီးခကွာခြားတဲ့ အပိုငွေတွေကိုတော့ အစိုးရက ပုဂ္ဂလိကရထားလုပ်ငန်းရှင်တွေကို ပြန်အမ်းပေးမယ်လို့ သိရပါတယ်။ ဒီစနစ်က ယာဉ်စီးခနည်းတာကြောင့် လူအများရထားအသုံးပြုမှုမြင့်လာပြီး မြို့တွင်းယာဉ်ကြောပိတ်ဆို့မှုနည်းသွားနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
ဘန်ကောက်မှာ နေထိုင်စားသောက်မှုစရိတ်များလာတာကြောင့် အစိုးရက ဒီစရိတ်တွေလျော့ချနိုင်ဖို့အတွက် ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ ဒီစနစ်က ထိုင်းနိုင်ငံသားတွေအတွက်သာ အသုံးပြုခွင့်ရှိတာဖြစ်ပြီး ခရီးသွားတွေနဲ့ နိုင်ငံခြားသားတွေကတော့ အကျုံးမဝင်သေးပါဘူး။
Ref – Nation Thailand/ Bangkok Post