ထိုင်းနိုင်ငံ၊ ကပ္ပလီပင်လယ်ပြင်နှင့် ထိုင်းပင်လယ်ကွေ့တို့မှာ အနောက်တောင်မုတ်သုံလေ ပိုမိုအားကောင်းလာတာကြောင့် ထိုင်းနိုင်ငံတဝန်း မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်လာနိုင်ကြောင်း ထိုင်းမိုးလေဝသဌာနက သတိပေးလိုက်ပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့တောင်ပိုင်း နဲ့ အလယ်ပိုင်းဒေသတွေမှာ နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပြီး အရှေ့ပိုင်း၊ အရှေ့မြောက်ပိုင်း နဲ့ အနောက်တောင်ပိုင်းတွေမှာ မိုးသည်းထန်စွာရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ရနောင်း၊ ဖန့်င၊ ဖူးကပ် စတဲ့မြို့မှာ နေထိုင်သူတွေ မိုးကြီးတာနဲ့ လေပြင်းဒဏ် အထူးသတိထားရပါမယ်။ ဘန်ကောက်နဲ့ အနီးတစ်ဝိုက်ဒေသတွေမှာ မွန်းလွဲပိုင်းကနေ ညနေအထိ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါတယ်။
ပင်လယ်အခြေအနေမှာ လှိုင်းအမြင့် ၁ မီတာမှ ၂ မီတာအထိရှိနိုင်ပြီး မိုးသည်းထန်ချိန်မှာ ပိုတက်လာနိုင်ခြေရှိတာကြောင့် သင်္ဘောများအနေဖြင့် လှိုင်းကြီးများ၊ မိုးကြိုးမုန်တိုင်းများရှိနိုင်တဲ့ ဒေသတွေမှာ သတိထား အလုပ်လုပ်ကြဖို့ကိုလည်း ထိုင်းမိုးဇလက သတိပေးထားပါတယ်။
အထူးသဖြင့် ထိုင်းနိုင်ငံ အရှေ့ပိုင်း၊ အရှေ့မြောက်ပိုင်း နဲ့ အနောက်တောင်ပိုင်းတွေမှာ မိုးကြီးခြင်း ၊ မြေပြိုခြင်း နဲ့ ရေကြီးခြင်းအန္တရာယ်တွေ ကြုံတွေ့နိုင်တာကြောင့် ၎င်းဒေသတွေမှာ နေထိုင်ကြသူများအနေနဲ့ သတိထားကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
သတင်း – Nation Thailand
photo – aigenerated