ထိုင်းနိုင်ငံအတွင်းမှာ ဘွဲ့ရခါစ လူငယ်တွေနဲ့ အလုပ်ရှာဖွေနေသူအတွက် အလုပ်အကိုင်ရဖို့ ပိုမိုခက်ခဲလာနိုင်တယ်လို့ ထိုင်းအမျိုးသားစီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးရေးကောင်စီက သတိပေးလိုက်ပါတယ်။ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေ ပိတ်သိမ်းလာနေကြတာအပြင် လည်ပတ်နေတဲ့ လုပ်ငန်းတွေဟာလည်း အတွေ့အကြုံ ရှိသူ ဒါမှမဟုတ် အလွတ်တန်းဝန်ထမ်းတွေကိုသာ ခန့်အပ်ဖို့ စိတ်အားထက်သန်နေကြလို့ ဖြစ်ပါတယ်။
လက်ရှိ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသူဦးရေဟာ ဒီနှစ်မှာ ၃၉.၄ သန်းရှိပြီး မနှစ်ကထက် ၀.၅ ရာနှုန်း လျော့ကျသွားပါတယ်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ အလုပ်အကိုင်တွေမှာ ဝန်ထမ်းခန့်အပ်လုပ်ကိုင်မှု တည်ငြိမ်နေပေမယ့် ကုန်ထုတ်လုပ်ရေး၊ ဟိုတယ်နဲ့ ဝန်ဆောင်မှု၊ လက်လီအရောင်းဆိုင် စတဲ့ နယ်ပယ်တွေမှာ ဝန်ထမ်းဦးရေး လျော့ကျလာနေတာ တွေ့ရတယ်လို့ ကောင်စီက ပြောပါတယ်။
အလုပ်အကိုင်ရရှိကြဖို့ ပိုခက်လာနိုင်ပေမယ့် လက်ရှိမှာ အလုပ်လက်မဲ့ ဦးရေကတော့ မနှစ်ကထက်စာရင် အနည်းငယ် လျော့နည်းသွားပါတယ်။ ကျဆင်းနေတဲ့ ခရီးသွားလုပ်ငန်းတွေကို ပြန်လည်ဦးမော့လာဖို့ အစိုးရက ကြိုးစားနေမေပယ့် ဟိုတယ်၊ စားသောက်ဆိုင် စတဲ့ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ အလုပ်အကိုင်တွေ ကျဆင်းနေဆဲ ဖြစ်ပြီး အချိန်ပြည့်ဝန်ထမ်းတွေကိုလည်း ထိခိုက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
မကြာသေးခင်က အလတ်စားနဲ့ အသေးစားလုပ်ငန်း ၂၄၀၀၀ ကျော်အပြင် စက်ရုံတစ်ထောင်ကျော် ပိတ်သိမ်းခဲ့ရပြီလို့ ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
သတင်း – Nation Thailand
Subscribe to Updates
Get the latest creative news from FooBar about art, design and business.
ထိုင်းနိုင်ငံသားများပင် နိုင်ငံအတွင်းအလုပ်ရှာဖွေရ ပိုခက်လာနိုင်တယ်လို့ သတိပေး
Previous Articleရွှေ့ပြောင်းအလုပ်သမားတွေ လုပ်လို့မရတဲ့ လုပ်ငန်းတွေက ဘာတွေလဲ