မေလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ ဖူးခတ်မြို့ ရနောင်းလမ်းမှာ ရှိတဲ့ မြန်မာဖုန်းဆိုင်တစ်ဆိုင်ကိုထိုင်းရဲတွေက ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
ဒေသခံတွေဆီက တိုင်ကြားမှုတွေ လက်ခံရရှိခဲ့တာကြောင့် ဝင်ရောက်ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၃ ဦးဟာ ၂၂ နှစ်အရွယ် အမျိုးသား တစ်ဦး၊ အသက် ၂၃ နှစ် နဲ့ ၃၂ နှစ်ကြား အမျိုးသမီး နှစ်ဦးတို့ဖြစ်တယ်လို့ khaosod သတင်းက ဖော်ပြပါတယ်။
စာရွက်စာတမ်းစစ်ဆေးတဲ့အခါ သုံးဦးစလုံးက နိုင်ငံခြားသားတစ်ယောက်အနေနဲ့ လုပ်ကိုင်ခွင့် ပါမစ်မရှိပဲ ဖုန်းဆိုင်ဖွင့်ထားကြောင်း တွေ့ရှိရပါတယ်။ အလုပ်ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်းနှင့် ၎င်းတို့၏ လုပ်ပိုင်ခွင့် ဘောင်ထက်ကျော်လွန် လုပ်ကိုင်ခြင်းတို့ နဲ့ တရားစွဲဆိုခံထားရပြီ ဖြစ်ပါတယ်။