ရုတ်တရက်ရေကြီးမှုတွေကို ဒီနေ့ကစပြီး မေ ၂၇ ရက်နေ့ထိ သတိထား၊ပြင်ဆင်ထားဖို့ ထိုင်းနိုင်ငံ ဘေးန္တရာယ်ကာကွယ်လျှော့ချရေး ဌာနက သတိပေးပါတယ်။
ထိန်းသိမ်းနိုင်တဲ့ ရေပမာဏ ၈၀ ရာခိုင်နှုန်းနဲ့အထက် ထိန်းသိမ်းထားတဲ့ ရေထိန်းရေလှောင်တမံတွေရှိရာနေရာတွေကို အထူးသတိပေးပါတယ်။ ဒီထဲမှာ မဲဟောင်ဆောင်၊ချင်းမိုင်၊ချင်းရိုင်၊လန်ဖွန်း၊လန်ဖန်းနဲ့ တာ့ခရိုင်တို့လည်း ပါပါတယ်။
အစိုးရဘေးအန္တရာယ်ကာကွယ်လျှော့ချရေးဌာနဟာ ဒေသဆိုင်ရာရုံးတွေကို အသင့်ပြင်ဆင်ထားဖို့ သတိပေးထားပြီးဖြစ်ပါတယ်။ ရေကြီး၊ရေလျှံဖြစ်တတ်တဲ့နေရာမှာနေထိုင်သူတွေကလည်း အစိုးရရဲ့ သတိပေးချက်တွေကို အမြဲစောင့်ကြည့်ထားရမှာ ဖြစ်ပါတယ်။
ဒီသတိပေးချက်နဲ့အတူ ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ တောင်ပိုင်းရဲ့ အထက်ပိုင်းဒေသတွေမှာလည်း မိုးကြီးနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
Ref: Thaiger