Close Menu

    Subscribe to Updates

    Get the latest creative news from FooBar about art, design and business.

    What's Hot

    ထိုင်းနိုင်ငံတစ်ဝန်း မိုးသည်းထန်နိုင်ပြီး  ရေကြီး၊ ၊မြေပြိုခြင်း သတိထားဖို့လို

    ရနောင်းတွင် မြန်မာ ၆၀ ခွင့်ပြုချက်မဲ့ အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခံရ 

    ဘဏ်ဝန်ထမ်းဟန်ဆောင် လိမ်လည်နေသဖြင့်  အကောင့် အချက်အလက်များ မပေးမိရန် SCB ဘဏ် သတိပေးထား 

    Facebook X (Twitter) Instagram
    • Demos
    • Lifestyle
    • Culture Connect
    • Buy Now
    Facebook X (Twitter) Instagram Pinterest Vimeo
    Beacon Myanmar
    • Home
    • News
      • အလုပ်သမားရေးရာ
      • ဥပဒေရေးရာ
      • ဗီဇာ
      • Update News
    • Lifestyle
      • Health
      • Travel
      • အလုပ်အကိုင် အခွင့်အလမ်း
      • အားကစား
      • Food
    • Culture Connect
      • Lauguage
      • Culture Connect
    • Podcast
    • Watch
    Beacon Myanmar
    You are at:Home»Lifestyle»ဘန်ကောက်မှာ နေသူတိုင်း မိုးတွင်းဆို ဒါလေးတွေ ဂရုစိုက်ပါ
    Lifestyle

    ဘန်ကောက်မှာ နေသူတိုင်း မိုးတွင်းဆို ဒါလေးတွေ ဂရုစိုက်ပါ

    By IngjinMay 27, 2025No Comments1 Min Read1 Views
    Facebook Twitter Pinterest Telegram LinkedIn Tumblr Email Reddit
    Share
    Facebook Twitter LinkedIn Pinterest WhatsApp Email

    ဘန်ကောက်မှာ မေကနေ အောက်တိုဘာလောက်ထိ မိုးရွာတယ်။ မိုးရွာပြီဆို ရေကြီးကားပိတ်တာမျိုးတွေက ဖြစ်နေကျပဲ။ ဒါပေမယ့် ဘန်ကောက် မိုးတွင်းမှာ တခြား သတိထားသင့်တာတွေလည်း ရှိသေးတယ်။

    အက်ဆီးဒင့်

    ဒီစာရေးနေတဲ့ အချိန်မှာတောင် ပြီးခဲ့တဲ့နှစ်ရက်လောက်က ဘန်ကောက်မှာဖြစ်ခဲ့တဲ့ သတင်းတစ်ပုဒ်ကို သတိရမိတယ်။ မိုးရွာထဲ ဆိုင်ကယ်မောင်းလာရင်း အက်ဆီးဒင့်ဖြစ်လို့ မြန်မာလူမျိုးလင်မယားနှစ်ယောက် ဆုံးသွားတယ်။ မိုးရာသီမှာ ဆိုင်ကယ်တွေ၊ကားတွေမောင်းရင် သေချာလေးသတိထားဗျ။  ထိုင်းမှာအဖြစ်များဆုံး ယာဉ်တိုက်မှုပုံစံတွေကို ကျွန်တော်တို့ ရေးပေးဖူးတယ်။ ပြန်ရှာဖတ်ကြည့်ပေးပါ။

    မိုးရွာ၊ရေကြီး

    ဘန်ကောက်မှာ မိုးရွာရင် ရေကြီးတတ်တဲ့နေရာတွေရှိပါတယ်။ ထုံဘူရီ၊ ချတ်တူချက်နဲ့ ဘန်ခန်က တချို့နေရာတွေမှာလို ရေကြီးရင် သတိထားရမယ့်နေရာတွေရှိတယ်။

    အစ်ကိုတို့အမတို့ နေတဲ့နေရာတွေက ရေကြီးလေ့ရှိလား။ ဒါကိုလေ့လာထားရမယ်။ ကြိုပြင်လို့ရတာလေးတွေ ကြိုပြင်ထားပေါ့။

    ကျန်းမာရေး

    ဘန်ကောက်မှာလည်း မိုးတွင်းဖြစ်တဲ့ ခြင်၊ယင်နဲ့ ရာသီတုပ်ကွေး၊ရောဂါတွေကို သတိထားဗျ။ ကလေးငယ်ငယ်ရှိတဲ့အိမ်ဆို ပိုလို့တောင်သတိထားပေး။

     ကျွန်တော်နေတဲ့အခန်းကလည်း ကျဉ်းတော့ မိုးရာသီရောက်ရင် အသက်ရှုမဝသလိုဖြစ်တယ်။ မေးကြည့်တော့ ကျွန်တော့်လိုဖြစ်တဲ့သူတွေရှိတယ်။ အခန်းက စိုထိုင်းဆများတာကြောင့်ပါ။ ကလေးငယ်တွေ၊ အသက်ရှုလမ်းကြောင်းပြဿနာရှိတဲ့လူတွေလည်း ဒီလိုဖြစ်တတ်ကြတယ်။ တတ်နိုင်ရင် စိုထိုင်းဆရှင်းပေးတဲ့  dehumidifier တစ်လုံးလောက်ဝယ်ထားလိုက်ဗျ။ ကျွန်တော်တော့ တော်တော်အဆင်ပြေသွားတယ်။ 

    သွားလာရေး

    ယာဉ်ကြောပိတ်တဲ့ ကိစ္စကတော့ အပြင်ထွက်မယ်ဆိုတာနဲ့ စဉ်းစားပြီးသားပါပဲ။ ဒါပေမယ့် မိုးရာသီဖြစ်တဲ့အတွက် မိုးကြောင့်ဖြစ်လာနိုင်တဲ့ လမ်းပိတ်၊ယာဉ်ပိတ် ဖြစ်တာတွေကိုလည်း ထည့်တွက်ထားဗျ။ အရေးကြီးကိစ္စတွေ လွဲသွားနိုင်တယ်။

    လုပ်ငန်းခွင်

    အပြင်ဘက်မှာ လုပ်ရတဲ့ အကိုတို့အမတို့တွေ မိုးရာသီလုပ်ငန်းခွင် အန္တာရယ်တွေလည်း ဂရုစိုက်ပါဗျ။ လျှပ်စစ်လို ကိစ္စတွေ မိုးတွင်းမှာ သတိထားဗျ။ လုပ်ငန်းခွင် လုံခြုံရေးအတွက် သတ်မှတ်ထားတာလေးတွေကိုလည်း ဖြစ်နိုင်ရင် သေချာလေး လိုက်နာပေးပါ။ ဘန်ကောက်မှာ လုပ်ငန်းခွင်မတော်တဆတွေက ခဏခဏဖြစ်တယ်။ အကြီးအသေးပဲ ကွာတယ်။  မိုးရာသီဆို ပိုဂရုစိုက်ရမှာပါဗျာ။ 

    Share. Facebook Twitter Pinterest LinkedIn Reddit WhatsApp Telegram Email
    Previous Articleအမျိုးသမီးများ ဓမ္မတာလာချိန် လစာအပြည့်နဲ့  ခွင့်ရက်ပေးတော့မယ့် ထိုင်းအစိုးရ
    Next Article တစ်ပတ်အတွင်း ရုတ်တရက်ရေကြီးမှုတွေကို သတိထားဖို့ ထိုင်းအစိုးရ သတိပေး
    Ingjin

    Related Posts

    ၁၅ ဘတ်က စပေးရပြီး မောင်ထုန်ဌာနီအထိ ရောက်မယ့်ပန်းရောင်လိုင်း အသစ်ဖွင့်ပြီ

    June 18, 2025

    ထိုင်းနိုင်ငံသားများပင် နိုင်ငံအတွင်းအလုပ်ရှာဖွေရ ပိုခက်လာနိုင်တယ်လို့ သတိပေး

    June 9, 2025

    အလုပ်ထဲမှာ ဒီလိုနေရင် ထိုင်းတွေ အရမ်းသဘောကျ 

    June 4, 2025
    Leave A Reply Cancel Reply

    Demo
    Top Posts

    လုပ်ငန်းခွင်ထဲ ထိခိုက်ဒဏ်ရာရရင် ဘယ်လို အကျိုးခံစားခွင့်ရှိလဲ

    April 12, 20259 Views

    အသက်အန္တရာယ်မထိခိုက်ဖို့ လုပ်ငန်းခွင်မှာ ဂရုစိုက်ရမယ့်အချက်တွေ

    May 28, 20257 Views

    ရွှေ့ပြောင်းအလုပ်သမားတွေ လုပ်လို့မရတဲ့ လုပ်ငန်းတွေက ဘာတွေလဲ

    May 28, 20255 Views

    သိထားရင် အလုပ်ဖြစ်တဲ့ ရိုးရိုးရှင်းရှင်း ထိုင်းစကား (၈) လုံး

    May 28, 20255 Views
    Don't Miss
    News June 21, 2025

    ထိုင်းနိုင်ငံတစ်ဝန်း မိုးသည်းထန်နိုင်ပြီး  ရေကြီး၊ ၊မြေပြိုခြင်း သတိထားဖို့လို

    ထိုင်းမိုးလေဝသဌာနက ဇွန်လ ၂၂ ရက် ၊စနေနေ့ မှာထုတ်ပြန်တဲ့ သတိပေးချက်အရ ကပ္ပလီပင်လယ်ပြင်၊ ထိုင်းနိုင်ငံနှင့် ထိုင်းပင်လယ်ကွေ့ဒေသများတွင် အနောက်တောင် မုတ်သုန်လေသည် ပိုမိုအားကောင်းလာပြီး ထိုင်းနိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း…

    ရနောင်းတွင် မြန်မာ ၆၀ ခွင့်ပြုချက်မဲ့ အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခံရ 

    ဘဏ်ဝန်ထမ်းဟန်ဆောင် လိမ်လည်နေသဖြင့်  အကောင့် အချက်အလက်များ မပေးမိရန် SCB ဘဏ် သတိပေးထား 

    ထိုင်းတောင်ပိုင်း ရနောင်း၊ ဖန့်င၊ ဖူးကပ်မိုးကြီးပြီး လေပြင်းဒဏ် သတိထားရမည် 

    Stay In Touch
    • Facebook
    • Twitter
    • Pinterest
    • Instagram
    • YouTube
    • Vimeo

    Subscribe to Updates

    Get the latest creative news from SmartMag about art & design.

    Demo
    About Us
    About Us

    Your source for the lifestyle news. This demo is crafted specifically to exhibit the use of the theme as a lifestyle site. Visit our main page for more demos.

    We're accepting new partnerships right now.

    Email Us: info@example.com
    Contact: +1-320-0123-451

    Facebook X (Twitter) Pinterest YouTube WhatsApp
    Our Picks

    ထိုင်းနိုင်ငံတစ်ဝန်း မိုးသည်းထန်နိုင်ပြီး  ရေကြီး၊ ၊မြေပြိုခြင်း သတိထားဖို့လို

    ရနောင်းတွင် မြန်မာ ၆၀ ခွင့်ပြုချက်မဲ့ အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခံရ 

    ဘဏ်ဝန်ထမ်းဟန်ဆောင် လိမ်လည်နေသဖြင့်  အကောင့် အချက်အလက်များ မပေးမိရန် SCB ဘဏ် သတိပေးထား 

    Most Popular

    ချင်းမိုင်ဟာ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့မှာ အဆင့် ၉ 

    April 11, 20250 Views

    ဆေးခန်းသွားမယ်ဆို သိထားသင့်တဲ့ စကားလုံးတွေ

    April 12, 20250 Views

    ထိုင်းတွေကြိုက်တဲ့ စကားလုံးတစ်လုံး

    April 12, 20250 Views
    © 2025 Beacon Myanmar
    • Home
    • Lifestyle
    • Culture Connect
    • Travel
    • Buy Now

    Type above and press Enter to search. Press Esc to cancel.