သေဆုံးသူ ၁၉ ယောက်ထိ မြင့်တက်လာ
ထိုင်းမှာ ကိုဗစ်-၁၉ ဖြစ်ပွားသူဦးရေဟာ ၇၁၀၆၇ ယောက် ရှိပြီဖြစ်ပါတယ်။ သေဆုံးသူဟာလည်း ၁၉ ယောက်ထိ ရှိလာပါတယ်။ဒီအရည်အတွက်ဟာ ဒီနှစ် ဇန်နဝါရီ ၁ ရက်ကနေ မေ ၁၄ ရက်အတွင်း ဖြစ်ပါတယ်။ ဖြစ်ပွားတဲ့နှုန်းကတော့ ဆုန်ခရန်ကာလအပြီးနောက်ပိုင်းမှာ မြင့်တက်လာနေတာပါ။ သေဆုံးမှုကလည်း သတိထားရမယ့် ကိန်းဂဏန်းဖြစ်လာပါတယ်။
အိုမီခရွန်ဗိုင်းရပ်စ် မျိုးကွဲတစ်ခုရှိနေမှုဟာ ထိုင်းနိုင်ငံတွင်းမှာ ဇန်နဝါရီနဲ့ဖေဖော်ဝါရီအတွင်းမှာကတည်းက မြင့်တက်ခဲ့တယ်လို့လည်း ထိုင်းနိုင်ငံဆေးသိပ္ပံဌာနက အချက်အလက်တွေထုတ်ပြန်ထားပါတယ်။ အိုမီခရွန်ဟာ ကိုဗစ်-၁၉ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပါ။
ထိုင်းအာဏာပိုင်တွေကလည်း ကိုဗစ်-၁၉ ကို ပြည်သူတွေ စောင့်ကြည့်ဖို့၊သတိထားဖို့ စတင်သတိပေးနေပါပြီ။ ကိုဗစ်ကာကွယ်ဖို့ ဒီအချက်တွေ လုပ်ဆောင်ရပါမယ်။
– လူကြားထဲမှာ မက်စ်(Mask) တပ်ပါ
– လက်ကိုသေချာဆေးရပါမယ်
– အတတ်နိုင်ဆုံး ခပ်ခွာခွာနေပါ
– ရောဂါလက္ခဏာ ပြနေရင် သီးသန့်နေပါ
ရောဂါလက္ခဏာတွေက ဒါတွေပါ
– အဖျား၊ချောင်းဆိုး၊လည်ချောင်းနာ
-ကိုယ်လက်နွမ်းနယ်မအီမသာ၊ ခေါင်းကိုက်၊ ခန္ဓာ ကိုယ်ကိုက်ခဲ
– နှာဆေး၊ အာသီးရောင်
-အနံ့ပျောက်၊ အရသာပျောက်
-ဝမ်းလျှော၊အော့အန်၊ အစာစားချင်စိတ်ပျောက်
Ref: The Nation