သူဌေးက အလည်ခေါ်လို့ တခြားနိုင်ငံလိုက်သွားပြီး ပြန်လာတော့ ထိုင်းနိုင်ငံထဲ ဝင်လို့ မရတော့ဘူးဆိုတာမျိုး ကြားဖူးပါတယ်။
တကယ်တော့ ထိုင်းနိုင်ငံထဲကထွက်ပြီး ပြန်ဝင်လာမယ်ဆိုရင် ပြန်ဝင်လာပါ့မယ်ဆိုတဲ့ဗီဇာတုံး (Re-entry visa ) ထုသွားရပါမယ်။ ဒီလိုထုသွားမှ ထိုင်းနိုင်ငံထဲ ပြန်ဝင်လာတဲ့အခါ နဂိုဗီဇာသက်တမ်းအတိုင်း ပြန်နေနိုင်မှာ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ နိုင်ငံထဲက ထွက်တာနဲ့ ကိုယ်ရဲ့ ဗီဇာဟာ ကုန်ဆုံးသွားပြီဖြစ်ပါတယ်။ ပြန်ဝင်လာချင်တယ်ဆိုရင် ဗီဇာအသစ်ကို ထပ်လျှောက်ရတော့မှာ ဖြစ်ပါတယ်။
ဒီလို ပြန်လာပါမယ်ဆိုတဲ့ အဝင်တုံး(Re-entry visa) လုပ်ရမှာလည်း နှစ်မျိုးနှစ်စားရှိပါတယ်။ တစ်နှစ်အတွင်း တစ်ကြိမ်ပဲ ပြန်ဝင်လာလို့ရတဲ့ တုံးနဲ့ အကြိမ်များစွာ ဝင်လိုက်ထွက်လိုက်လုပ်လို့ရတဲ့တုံး ဆိုပြီးရှိပါတယ်။ ပေးဆောင်ရတဲ့ ဈေးနှုန်းခြင်းလည်း မတူပါဘူး။ ဒါပေမယ့် ဒီနှစ် 2015 မှာတော့ ဧပြီ ၁၁ ရက်ကနေ မေလ ၁၅ ရက်အတွင်း ခွင့်ပြန်ကြမယ့် လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားက ရွှေ့ပြောင်း လုပ်သားတွေအတွက် Re-entry ကြေး ပေးစရာ မလိုဘူးလို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောထားပါတယ်။
အထက်ပါ အချက်အလက်တွေဟာ IOM(International Organization for Migration )ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားများလမ်းညွှန်လက်စွဲစာအုပ်ကို အခြေခံရေးသားထားတာ ဖြစ်ပါတယ်။
Ref: IOM/ ရွှေ့ပြောင်းအလုပ်သမားလမ်းညွှန်လက်စွဲစာအုပ်