သင်္ကြန်ကာလ အထူးအစီအစဉ်အနေနဲ့ ထိုင်းအစိုးရက နေရပ်ပြန်မယ့်အလုပ်သမားများအတွက် အထွက်တုံးထုစရာမလိုဘဲ ပြန်ခွင့်ပြုထားပါတယ်။ သတိထားရမှာက ခွင့်ပြုကာလက ဧပြီ ၁ ရက်ကနေ မေ ၁၅ ရက်ထိပဲ ဖြစ်ပါတယ်။ ဒီကာလလောက်အတွင်း ပြန်မရောက်နိုင်ဘူးဆိုရင် အထွက်တုံးကို သေချာပေါက်ထုသွားဖို့ လိုပါတယ်။
ဒုတိယအချက် သတိထားရမှာက အလုပ်ရှင်နဲ့ သေချာညှိသွားဖို့ လိုပါတယ်။ ခွင့်ရက်နဲ့ ပတ်သက်ပြီး သဘောတူညီမှု သေချာယူသွားဖို့ဖြစ်ပါတယ်။ သင်္ကြန်ကာအပြီး အလုပ်ထုတ်ခံရတဲ့ပြဿနာတွေ၊ အလုပ်ချက်ချင်းပြန်ဝင်လို့မရတဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။
ခရီးသွားတဲ့ အခါ အရေးကြီး စာရွက်စာတမ်းတွေကို ဂရုစိုက်ဖို့ ဖြစ်ပါတယ်။ ရေစိုစုတ်ပြဲတာ၊ ပျက်စီးပျောက်ဆုံးတာတွေ ဖြစ်တတ်တာကြောင့်ပါ။ အရေးကြီး စာရွက်စာတမ်းအချို့ကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ထားတာ၊ မိတ္တူနှစ်စုံ သုံးစုံဆွဲထားတာတွေ လုပ်ထားသင့်ပါတယ်။
နောက်ဆုံးအချက်ကတော့ လမ်းခရီးဂရုစိုက်ဖို့ပါ။ ဘယ်လိုပုံစံနဲ့ပဲပြန်ပြန် ခရီးစဉ်ကို သေသေချာချာလေးစီစဉ်ဖို့ အကြံပြုချင်ပါတယ်။ ယုံကြည်ရတဲ့သူတွေကို မေးမြန်းတိုင်ပင်ပြီး ကြိုတင်ပြင်ဆင်တာ အကောင်းဆုံးဖြစ်ပါတယ်။
Ref: Thai Labor Ministry & Myanmar Embassy