ချင်းမိုင်ဟာ ကမ္ဘာပေါ်က လေထုအညစ်ညမ်းဆုံးမြို့တွေထဲမှာ အဆင့် ၉ နေရာ ရှိနေတယ်လို့ သိရပါတယ်။ ဆွဇ်ဇာလန် လေထုအရည်အသွေးစောင့်ကြည့်ရေးနဲ့ နည်းပညာကုမ္ပဏီ IQ Air ရဲ့ ဧပြီ ၁၁ ရက်နေ့ မနက် ၉ နာရီ တိုင်းတာချက်အရ ချင်းမိုင်ရဲ့ လေထု အရည်အသွေးအဆင့်ကိန်းညွှန်း(AQI) ဟာ ၁၄၇ မှာ ရှိနေတာ ဖြစ်တယ်လို့ The Nation သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။
ဒါဟာ ကမ္ဘာ့အဆင့် ၉ နေရာမှာ ရှိနေတာဖြစ်ပြီး နံပါတ် ၁ နေရာမှာတော့ လေထုအရည်အသွေးအဆင့်ကိန်းညွှန်း ၂၀၀၅ နဲ့ ကူဝိတ်နိုင်ငံ ကူဝိတ်မြို့က ရှိနေတာဖြစ်ကြောင်းလည်း သိရပါတယ်။
လေထုညစ်ညမ်းမှုရှိနေတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ၁၇ ပြည်နယ်မှာ လေထုညစ်ညမ်းမှုလျှော့ချရေးအတွက် ထိုင်းနိုင်ငံ သဘာဝဘေးအန္တာရယ်ကာကွယ်လျှော့ချရေးဌာနဟာ ထိုင်းတော်ဝင်စစ်တပ်နဲ့ ပူးပေါင်းပြီး ကြိုးစားနေတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
Ref: The Nation