၁။ ဆေးလိပ်သောက်ဖို့ သတ်မှတ်ပေးထားတဲ့နေရာကလွဲပြီး ကျန်တဲ့နေရာတွေမှာ ဆေးလိပ်သောက်လို့ မရပါဘူး။
၂။ လုပ်ငန်းခွင်ထဲမှာ ကွမ်းတံတွေးထွေးလို့မရပါဘူး။ တံတွေးလည်း ထွေးလို့မရပါဘူး။
၃။ အမှိုက်ပစ်ဖို့ သတ်မှတ်ထားတဲ့နေရာမှာသာ အမှိုက်ပစ်ရပါမယ်။
၄။ လုပ်ငန်းခွင်မှာ လုံလုံခြုံခြုံ ဝတ်ဆင်ရပါမယ်။
၅။ လုပ်ငန်းခွင်မှာ စနောက်ကစားတာတွေ မလုပ်ရပါဘူး။
၆။ စက်ပစ္စည်းတွေကို လုပ်ငန်းခွင်ပြင်ပကို ယူဆောင်မသွားရပါဘူး။
၇။ အန္တာရယ်ရှိတဲ့ လုပ်ငန်းခွင်မျိုးဆိုရင် အကာအကွယ်ပစ္စည်းတွေကို သေချာတပ်ဆင်ရပါမယ်။
၈။ စက်ပစ္စည်းတွေကို အသုံးမပြုခင် အခြေအနေကို အမြဲစစ်ဆေးပေးရပါမယ်။
၉။ စက်ပစ္စည်းတွေ ချို့ယွင်းမှုရှိရင် အထက်လူကြီးကို အကြောင်းကြားရပါမယ်။
၁၀။ မတော်မဆကိစ္စတွေ ဖြစ်ရင် အထက်လူကြီးကို အကြောင်းကြားရပါမယ်။
၁၁။ လုပ်ငန်းခွင်ထဲက စည်းကမ်းတွေကို လေ့လာလိုက်နာရပါမယ်။
Ref: ထိုင်းအလုပ်သမားရေးရာဌာန/ ထိုင်းနိုင်ငံအတွင်းတရားဝင်လုပ်ကိုင်သော
အလုပ်သမားများအတွက် ပညာပေးလက်စွဲ