လုပ်အားခဆိုတာမှာ ပုံမှန်လုပ်အားခ၊ အချိန်ပိုဆင်းခ၊ အလုပ်ပိတ်ရက်အလုပ်ဆင်းခ၊ ပိတ်ရက်အချိန်ပိုဆင်းခ ဆိုပြီး အမျိုးမျိုးရှိပါတယ်။ ဒီအလုပ်သမားခတွေကို အလုပ်ရှင်က ဘယ်အချိန်မှာ ရှင်းပေးရမလဲ။
တစ်လလုပ်ခ၊ တစ်ရက်လုပ်ခ၊ တစ်နာရီလုပ်ခတွေကို အလုပ်ရှင်က တစ်လမှာ အနည်းဆုံးတစ်ကြိမ် ရှင်းပေးရမှာ ဖြစ်ပါတယ်။
ဒီအချက်ကလွဲပြီး တခြားပုံစံနဲ့ ငွေပေးချေမှုတွေမှာ အလုပ်ရှင်နဲ့အလုပ်သမားနှစ်ဦးနှစ်ဘက်
သဘောတူညီချက်အတိုင်း စီစဉ်နိုင်ပါတယ်။
အချိန်ပိုဆင်းခ၊ ရုံးပိတ်ရက်ဆင်းခ၊ရုံးပိတ်ရက်အချိန်ပိုခနဲ့ အလုပ်ရှင်ပေးဖို့ တာဝန်ရှိတဲ့ငွေကိုလည်း တစ်လမှာ အနည်းဆုံး တစ်ကြိမ်ရှင်းပေးရမှာ ဖြစ်ပါတယ်။
အလုပ်သမားကို အလုပ်ရှင်က အလုပ်ခန့်ထားမှုရပ်ဆိုင်းမယ်ဆိုရင်တော့ အလုပ်သမားရသင့်တဲ့ လုပ်အားခပုံစံအားလုံးနဲ့ အလုပ်ရှင်တာဝန်ရှိတဲ့ ငွေအားလုံးကို အလုပ်ရပ်နားပြီး သုံးရက်အတွင်း ရှင်းပေးရမှာ ဖြစ်ပါတယ်။
အထက်ပါအချက်တွေဟာ ထိုင်းအလုပ်သမားရေးဌာနက ထုတ်ပြန်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမားလမ်းညွှန်လက်စွဲစာအုပ်ကို အခြေခံဖော်ပြထားတာ ဖြစ်ပါတယ်။
Ref: ထိုင်းအလုပ်သမားရေးရာဌာန/ ထိုင်းနိုင်ငံအတွင်းတရားဝင်လုပ်ကိုင်သော
အလုပ်သမားများအတွက် ပညာပေးလက်စွဲ