ထိုင်းသူဌေးက နိုင်ငံအတွင်းမှာ အလုပ်လာလုပ်ဖို့ လှမ်းခေါ်တယ်ဆိုရင် ဒီအချက်နဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ အလုပ်သမားဥပဒေမှာ သတ်မှတ်ထားတာ ရှိပါတယ်။ ဒီလိုလှမ်းခေါ်ခြင်းအတွက် အလုပ်သမားဆီကနေ အိမ်နဲ့ခြံလို ပိုင်ဆိုင်မှုအာမခံတောင်းတာ၊ ငွေကြေးတောင်းတာတွေ လုပ်လို့မရပါဘူး။
ခရီးစရိတ်နဲ့ ပြောင်းရွှေ့ကြေးအတွက် ကုန်ကျမှုကို အလုပ်သမားဘက်က ကျခံမယ်လို့ သဘောတူထားတယ်ဆိုရင်တော့ အလုပ်သမားဘက်က ကျခံပေးရမှာ ဖြစ်ပါတယ်။ ဒီစားရိတ်အတွက် သူဌေးက စိုက်ထားပေးတယ်ဆိုရင်လည်း နောက်ပိုင်းမှာ လစာထဲက ပြန်နှုတ်လို့ရပါတယ်။ ဒီလိုပြန်နှုတ်တဲ့အခါမှာလည်း လစဉ်လစာထဲက ၁၀ ရာခိုင်နှုန်းသာ နှုတ်ယူဖို့ သတ်မှတ်ထားပါတယ်။
တကယ်လို့ အလုပ်ရှင်က သတ်မှတ်ချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် ၆ လထက် မပိုတဲ့ထောင်ဒဏ်ထိ ပြစ်ဒဏ်ချခံရနိုင်ပါတယ်။
ငွေဒဏ်ဆိုရင်လည်း အလုပ်သမားဆီက သတ်မှတ်ချက်ထက်ပိုယူထားတဲ့ ငွေ (သို့ ) ပိုင်ဆိုင်မှုရဲ့ နှစ်ဆရှိတဲ့ ဒဏ်ကြေးငွေကို ပေးရပါမယ်။ အလုပ်သမားဆီက ပိုင်ဆိုင်မှုပစ္စည်းနဲ့ ငွေကြေးသိမ်းယူထားတယ်ဆိုရင်လည်း ပြန်လည်ပေးအပ်ရပါမယ်။ အဆိုပါကိစ္စတွေကို တရားရုံးက အမိန့်ချပြီး ရက် ၃၀ အတွင်း ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
အထက်ပါ အချက်အလက်တွေဟာ IOM(International Organization for Migration )ရဲ့ ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားများလမ်းညွှန်လက်စွဲစာအုပ်ကို အခြေခံရေးသားထားတာ ဖြစ်ပါတယ်။
Ref: IOM/ ရွှေ့ပြောင်းအလုပ်သမားလမ်းညွှန်လက်စွဲစာအုပ်